ဝေးဝေးရှောင်သင့်တဲ့ ယောကျ်ားမပီသတဲ့ သူတွေရဲ့ အကျင့်စရိုက်များ

ဝေးဝေးရှောင်သင့်တဲ့ ယောကျ်ားမပီသတဲ့ သူတွေရဲ့ အကျင့်စရိုက်များ

ယောကျ်ားတိုင်းဟာ ယောကျ်ား မပီသဘူးဆိုတာ မိန်းကလေး တော်တော်များများ နားလည်ကြမှာပါ။

ယောကျ်ား တစ်ယောက်ဟာ သင့်ဆီမှာ ကျတော့ မကောင်းဘူး၊ သူများတွေဆီမှာ ကျတော့ ကောင်းတယ်

ဆိုတာ မျိုးတွေဟာ ယောကျ်ား မပီသခြင်းရဲ့ လက္ခဏာတွေပါ။

ခုဖော်ပြပေး မှာကတော့ ယောကျ်ားဖြစ်ပြီး ယောကျ်ား မပီသတဲ့ သူတွေရဲ့ အကျင့်စရိုက်တွေပဲ ဖြစ်ပါတယ်။

ဒီလိုယောကျ်ားတွေကိုတော့ ဝေးဝေးရှောင်သင့် ပါတယ်နော်

(1) ဒီလိုယောကျ်ားတွေဟာ အမြဲတမ်း ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်တဲ့သူတွေပါ။

ကိုယ်အဆင်ပြေဖို့၊ ကိုယ်ကြည့်ကောင်းနေဖို့၊ ကိုယ်သာယာနေဖို့ ကလွဲပြီး

ကျန်တဲ့သူတွေအတွက် လုံးဝစဉ်းစားပေးတတ်တဲ့ သူတွေ မဟုတ်ပါဘူး ။

(2) ဘယ်တော့မှ သူတစ်ပါးကို အကြံဉာဏ် တောင်းမှာ မဟုတ်ပါဘူး။

သင့်ရဲ့အကြံဉာဏ်တွေဟာ သူ့အတွက် အသုံးလည်း မဝင်သလို၊ ဂရုလည်း စိုက်မှာ မဟုတ်ပါဘူး။

လုပ်ချင်ရာ လုပ်မယ့် သူတွေ ဖြစ်ပါတယ် …။

(3) ဒီလိုယောကျ်ားတွေဟာ အကျပ်ကိုင်တတ်တဲ့ သူတွေပါ။

တစ်ဖက်လူရဲ့ပျော့ကွက်ကို ကောင်းမွန်စွာ နားလည်ပြီး ဘယ်လို ခြယ်လှယ် ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ သူတွေပါ။

အားနည်းချက်ကို ခုတုံးလုပ်ပြီး ခိုင်းစား တတ်တဲ့နေရာမှာ နှစ်ယောက် မရှိပါဘူး ။

(4) ဒီလို လူတွေဟာ လူတွေရဲ့ ထင်မြင် ယူဆချက်၊ ဝေဖန်မှုတွေကို အရမ်းဂရုစိုက်တဲ့သူတွေပါ။

လူထင်ကြီး ခံချင်တဲ့နေရာ မှာလည် းနှစ်ယောက် မရှိပါဘူး။ ငါတော်၊ ငါတတ်ဆိုတဲ့ ပုံစံကို အမြဲဖမ်း ထားတဲ့ သူတွေပါ ။

(5) ဒီလိုယောကျ်ားတွေဟာ မျက်နှာ ၂ခုရှိတဲ့သူတွေပါ။

လူများရှေ့မှာတော့ အရမ်းကို သဘောကောင်း မနောကောင်း၊ စိတ်ထား မွန်မြတ်ပြီး

ခင်မင် နှစ်လို ဖွယ်ကောင်းသလို အတွင်းမှာကျတော့ လုံးဝ ရွံစရာကောင်းလောက်အောင်ကို အော်ဂလီဆန် ရပြန် ပါတယ်။

(6) ဒီလိုလူတွေဟာ လုံးဝကို Drama King တွေပါ။

လူတစ်ဖက်သား သနားအောင်၊ အားတုံ့အားနာဖြစ်အောင် အရမ်းပြောတတ် သူတွေပါ။

ဥပမာ Ready Made ပစ္စည်းတစ်ခုခုကိုဝယ်လာပြီး တစ်ညလုံး ကိုယ်တိုင် မနားပဲ လုပ်ထားတာ စသဖြင့် မျက်ရည်ချူ တတ်တဲ့သူတွေပေါ့ ။

(7) ချစ်သူရည်းစား ထားတဲ့ အခါမှာလည်း မကြာခဏ အဆက်ဖြတ်လိုက်၊ မကြာခဏ ပြန်ဆက်သွယ် လိုက်လုပ် တတ်တဲ့ သူတွေပါ။

တစ်ဖက်လူရဲ့ခံစားချက်ကို လုံးဝအလေးမထားပဲ နာကျင်အောင် လုပ်နေရတာကို ပျော်မွေ့နေတဲ့ သူတွေ ဖြစ်ပါတယ် ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners