
ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးမယ့်အပြင် လူသိနည်းတဲ့ ပဲစောင်းလျားသီးရဲ့ အံ့ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးတွေ
ပဲစောင်းလျားသီးကို စားဖူးလားရှင့်။ စာရေးသူကတော့ တောင်ပေါ်ဒေသမှာ နေခဲ့တော့ ငယ်ငယ်တုန်းက အရမ်းစားပါတယ်။ အရသာ လည်းရှိတယ်။ ပဲစောင်းလျားသီးဟာ အရသာရှိပြီး အာဟာရဓါတ်တွေ ကြွယ်ဝစွ ာပါဝင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

ပဲစောင်းလျားသီးရဲ့ အရွက်၊ အမြစ်၊ အသီး၊ အပွင့်အားလုံးကို စားလို့ရပါတယ်။ ပဲစောင်းလျားသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း

Antioxidant တွေကြွယ်ဝစွာ ပါဝင်တဲ့ ပဲစောင်းလျားသီးဟာ အိုမင်း ရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းကို သက်သာစေတယ်

ခေါင်းနှစ်ဖက်လုံးကိုက်တာ ခေါင်းတခြမ်းထဲ ကိုက်တာတွေက လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုပါပဲ။ ပဲစောင်းလျားသီးဟာ အဲဒီလို ခေါင်းကိုက်တာတွေကို သက်သာ စေပါတယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင် မိခင်တွေအတွက် သံဓါတ်မြင့်မာစွာ ပါဝင်လို့ မွေးလာတဲ့ ကလေးပေါင်မပြည့်တာမျိုးကို ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ဆောင် မိခင်ကိုလည်း ကျန်းမာစေပါတယ်။

အမြင်အာရုံကိုကောင်းမွန်စေခြင်း

ပဲစောင်းလျားသီးဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်လုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို သက်သာစေလို့ နေရထိုင်ရတာ သက်တောင့်သက်တာ ဖြစ်စေသလို ကိုယ်အလေးချိန် တက်မလာအောင်လည်း ကာကွယ်ပေးပါတယ်။

ဆီးချိုရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

ဗီတာမင်Dနဲ့ ကယ်လ်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ပန်းနာရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုဖြစ်တဲ့ ပန်းနာရောဂါကို ကာကွယ်ပေးပြီး အသက်ရှုတာကို ပုံမှန်ဖြစ်စေဖို့အတွက် ပဲစောင်းလျားသီးက ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်လို့ အကောင်းဆုံးဆေးတစ်လက်ပါပဲ။

ကိုယ်ခံအားနစ်ကိုကောင်းမွန်စေခြင်း

ကိုယ် ခံ အား စ နစ် ကို ကောင် းမွန် စေ ပြီး တ ခြားရောဂါပိုးတွေ အ လွယ် တ ကူ ဝင် ရောက် ခြင်း ကနေ ကာ ကွယ် ပေး နိုင် ပါ တယ်။

Credit-MyFoodMyanmar