လူတွေရဲ့လောဘကို အကောင်းဆုံး အသုံးချပြသွားတဲ့ သူဖုန်းစားတစ်ယောက်ကပေးတဲ့သင်ခန်းစာ

လူတွေရဲ့လောဘကို အကောင်းဆုံး အသုံးချပြသွားတဲ့ သူဖုန်းစားတစ်ယောက်ကပေးတဲ့သင်ခန်းစာ
တစ်နေ့က ဈေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာ တွေ့မိတယ်။ သူ တောင်းနေပုံက ထူးခြားနေတယ်။ “အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်

ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာ လေးပါ ပေးခဲ့ပါ” သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံ လာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ် တစ်အုပ်နဲ့ မှတ်နေတယ်။

ဒါပေမယ့် လူ တော်တော်များများက အိမ်အထိများ လာတောင်းမလား ဆိုတဲ့ အတွေးနဲ့ သူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။

သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံ ထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကို အပင်ပန်းခံပြီး သူတို့ ထည့်ခဲ့တဲ့ ငွေတန်ဖိုး ရဲ့အဆ ၁၀၀၀ ကို လိုက်ပေးတယ်။အဲ့ဒီ သတင်းက ဈေးထဲမှာ ချက်ချင်း ပျံ့သွားတာပေါ့။သူ့ကိုလည်း လူတွေက ဝေဖန်ြကတယ်။အမျိုးမျိုးပြော ကြနဲ့ပေါ့လေ။

နောက်နေ့ မနက် ဈေးထဲက အဲဒီ့ နေရာမှာပဲ သူတောင်းစား ပြန်တောင်းနေတာ တွေ့ရပြန်ရော။အဲဒီနေ့တော့ သူ့ဘေးမှာ ပိုက်ဆံ ထည့်မဲ့ သူတွေ အများကြီး ဖြစ်နေတော့တယ်။

သူ့ခွက်ထဲ ထည့်ကြတဲ့ ပိုက်ဆံတွေကလည်း တစ်ထောင်တန်တွေ ငါးထောင်တန်တွေ တစ်သောင်းတန်တွေ ထပ်ပြီး လာထည့်ကြသလိုရွှေတွေ လက်ဝတ် ရတနာတွေတောင် ထည့်ကြပါရောလား။

လိပ်စာမှတ်တဲ့ စာအုပ်တောင် လေးငါးအုပ်တောင် ကုန်သွားတယ်လေ။ညနေပိုင်း ရောက်တော့ ပြန်သွားတယ်။ဒါပေမယ့် နောက်နေ့က စပြီး အဲဒီဈေးထဲမှာ သူတောင်းစားကို ဘယ်တော့မှ ပြန်မတွေ့တော့ဘူးလေ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners