သူများထက် ရှေ့ရောက်ချင်ရင် ဒါတွေ မလုပ်မိပါစေနဲ့”

 

သူများထက် ရှေ့ရောက်ချင်ရင် ဒါတွေ မလုပ်မိပါစေနဲ့”
နေ့တိုင်း အလုပ်ကြိုးစားနေတာ နှစ်တွေလည်း ကြာလှပြီ။ ရည်မှန်းချက်တွေလည်း ရှိပါရဲ့။


ဒါပေမယ့် ကိုယ့်အခြေအနေက တခြားသူတွေနဲ့ ထူးမခြားနား ဖြစ်နေပြီဆိုရင် ကိုယ့်တက်လမ်းကို ထိခိုက်အောင် လုပ်နေမိတဲ့ အမှားလေးတွေ ရှိနေလို့ ဖြစ်ပါလိမ့်မယ်။


(၁) အပြောအဆို မလိမ္မာခြင်း
နှုတ်ရေးရဲ့ အလုပ်ကို လျှော့မတွက်သင့်ပါဘူး။ လူက တော်ပါရဲ့သားနဲ့ ။ အပြောအဆိုမတတ်ရင် အထက်ရောက်ဖို့ ခက်ပါလိမ့်မယ်။


လူမှုဆက်ဆံရေးဆိုတာ အချင်းချင်းနားလည်အောင် ဆက်သွယ်တယ်ဆိုတာအပြင် တစ်ဖက်လူနဲ့ ကိုယ့်အကြားမှာ ယုံကြည်မှုနဲ့ အခွင့်အလမ်းတွေ တည်ဆောက်တာလည်း ဖြစ်ပါတယ်။


(၂) သိချင်စိတ် နည်းခြင်း
အောင်မြင်ချင်ရင် အလုပ်ပဲ ဖိလုပ်နေလို့ မရပါဘူး။ အလုပ်တစ်ခုကို ပိုလွယ်ပြီး ပိုထိရောက် အောင်မြင်အောင် လုပ်နိုင်မယ့် အဖြေရှာခြင်းဟာ ပိုပြီး အမျှော်အမြင်ရှိတာပဲ ဖြစ်ပါတယ်။


ဒီနေရာမှာ အခြေအနေတိုင်းအတွက် အဖြေသစ်တစ်ခုခု သိလိုစိတ်က အရေးကြီးပါတယ်။ အောင်မြင်ဖို့အတွက် စပ်စုစူးစမ်းနေဖို့ လိုပါတယ်။


(၃) စည်းနဲ့ဘောင်နဲ့ မနေခြင်း
စည်းကမ်းကောင်းခြင်းဟာ အောင်မြင်ရေးအတွက် အရေးပါတဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။
ဘဝမှာ ကျန်းမာရေးအတွက် ၊ ပျော်ရွှင်ရေးအတွက် အောင်မြင်မှုအတွက် စတဲ့ကိစ္စတွေမှာ စည်းကမ်းကလနားမထားရင် အောင်မြင်မှုမတာရှည်သလို အောင်မြင်ဖို့လည်း ခက်ခဲနိုင်ပါတယ်။


(၄) စိတ်ခံစားမှု မြှင့်မထားခြင်း
အောင်မြင်ဖို့အတွက် ကြိုးစားနေချိန်မှာရော အောင်မြင်နေတဲ့အချိန်မှာပါ Self-Control ကောင်းဖို့ လေ့ကျင့်ထားသင့်ပါတယ် ။


အောင်မြင်မှုဆီသွားတဲ့ ခရီးဟာ အနိမ့်အမြင့် အတက်အကျနဲ့ လောကဓံကို ပုံစံမျိုးစုံနဲ့ ကြုံနိုင်ပါတယ်။ ရင့်ကျက်ပြည့်ဝတဲ့ စိတ်ထားနဲ့မှ မဟုတ်ရင် အောင်မြင်လို့ မပျော်ရွှင် ၊ ပျော်ရွှင်ပေမယ့် မအောင်မြင် ဖြစ်တတ်ပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners