စိပ်ပုတီး မှာ ဘာလို့ အလုံးရေ (၁၀၈)လုံး ရှိနေရတာလဲ?

စိပ်ပုတီး မှာ ဘာလို့ အလုံးရေ (၁၀၈)လုံး ရှိနေရတာလဲ?

စိပ်ပုတီး မှာ ဘာလို့ အလုံးရေ (၁၀၈)လုံး ရှိနေရတာလဲ?
နောင်တွင် အကြောင်း အမျိုးမျိုးအရ အလုံးရေ တိုးလာပါသည်။ ၉ လုံး ။ ၂၇ လုံး။ ၄၅ လုံး။ ၁၀၈ လုံးစသဖြင့် တိုးလာခဲ့သည်။ခုဒ္ဒက နိပါတ် အဌ ကထာ တွင်


( ဆပညာသ ဗုဒ္ဓဂုဏံ အဌဝီသတိ ဓမ္မဂုဏံ စတုသတိ သံဃဂုဏံ က္ကဒံ ဓမ္မဿ လက္ခဏံ ) ဟု ပုတီး ၏ လက္ခဏါ ကို မိန့်မှာချက်အရ ဤသို့ အ လုံးရေ ကွဲပြားလာခဲ့သည်။


ဗောဇ္ဈင် ခုနှစ်ပါး ရည်စူးကာ ၇ လုံး ၊ကိုးနဝင်း ရည်စူးကာ ၉ လုံး ၊ သုံးဆယ့်နှစ် ကောဌာသ ရည်စူးကာ ၃၂ လုံး ၊ဘုရားဝါတော် လေးဆယ့်ငါး ရည်စူးကာ ၄၅ လုံး စသဖြင့် တိုးလာပါသည်။


သို့သော် အသုံးအများဆုံးဖြစ်သည့် ၁၀၈ လုံး ထားရှိရခြင်းနှင့် ပတ်သက် ၍ တင်ပြရသော်
ဘုရားဂုဏ်တော် ၅၆ ပါး ၊တရားဂုဏ်တော် ၂၈ ပါး သံဃဂုဏ်တော် ၂၄ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။


ဘုရားဂုဏ်တော် ၄၈ ပါး ၊တရားဂုဏ်တော် ၃၈ ပါး၊သံဃဂုဏ်တော် ၂၂ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။
လောကီနည်း အရဂြိုဟ်သက် ၁၀၈ လုံးအရ လည်းကောင်း။သတ္တမိဿ နက္ခတ် ၁၀၈ လုံးအရ လည်းကောင်း။တြင်းကြေ နဝင်းကြေ ဖြစ်ရန် ၁၀၈ လုံး အရလည်းကောင်း။


ဂါထာမန္တန်များကို ၇ အုပ် မွ ၁၀၀၀၀၀ အတွင်း စိပ်ခြင်း စုပ်ခြင်း ပြုရန် အလုံးအလီကိုက် ၁၀၈ လုံး ထားရှိခြင်း။
ဘုရားစက်လက္ခဏါ ၁၀၈ ပါး အတွက် ၁၀၈ လာံး ထားရှိခြင်း စသဖြင့် မိမိပူဇော်ရာ သန္တန်အလိုက် ၁၀၈ လုံး သည် တွင်ကျယ်လာခဲ့ပါသည်။


ရှေးသူတော်စင် ပညာရှင်များ ယူဆ ပုံမွာ လောကီအင်္ဂုတၳိုလ်မန္တန်ကျမ်း တွင် ဆူးခါးဆရာတော်ကြီး က အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်။
နရဝရ ဖြစ်တော်မူသော မြတ်ဘုရား သာသနာ ကို ကြည်ညိုလေးမြတ်သော သူတော်ကောင်းတို့သည် သာမထ ဝိပဿနာ ဘာဝနာ နှစ်ပါးကိစ္စ ပြီးဖွယ် အကြောင်းဖြစ်သည်ဟု နှလုံးသွင်းကာ တစ်ရာ့ရှစ်လုံး ပြုလုပ်ရာဝယ်


{{ ဗုဒ်ဓဂုဏဉ်စ ဆပညာသံ။ ဓမ်မဂုဏဉ်စအဌတိသံ။ သံဃဂုဏဉျစ စုဒျဒသံ။ကတြာ သုခံ ဇလံ လာဘတိ }}
ဟူ၍ သာမညဂါထာပြုကာ ဘုရားဂုဏ်တော် ၅၆ ။ တရားဂုဏ်တော် ၃၈ ။ သံဃဂုဏ်တော်
၁၄။ စုစုပေါင်း ၁၀၈ ရသောသငေ်္ကတစကားသည် ပါဌိအဌကထာဋီ ကာများတွင် တိုက်ရိုက်မလာငြား နေယျတ္တ ထောက်ဆဆင်ခြင်က အ ဆင့်ဆင့်ပင် ဖြစ်သင့်သည် ဟု ဖွင့်ပြပါသည်။


ပုတီးသည် ဗြဟ္မဏာ အစဉ်လာ ဖြစ်သော်လ ည်း ကောင်းသောစိတ်ရှေးရှု သည့် အမှတ်သငေ်္ကတလက္ခဏါ ရေတွက် မှတ်ယူခြင်း ဖြစ်ရာ ယနေ့ ဗုဒ္ဓဘါသာဝင်တို့ လက်စွဲပြုစရာ ဓမ္မသငေ်္ကတ အဖြစ် ရှိနေပါသည်။
ထိုထိုသော အကြောင်းတရားတို့ကို အသိတိုး အံ့စေခြင်းငှါ တင်ပြလိုက်ရပါသည်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners