ဖခင်ဆုံးပါးပြီး နောက်ပိုင်းမှာ အိမ်ကထွက်သွားတဲ့ အမေ့ကို နေ့တိုင်း မျှော်နေကြတဲ့ ညီအမ နှစ်ဦး

ငယ်ငယ်ရွယ်ရွယ်နဲ့မိဘကိုဆုံးရှုံးခဲ့ရပြီး လူ့လောကအလယ်ကိုပျံသန်းဖို့လည်း အတောင်အလက်မစုံသေးတဲ့ကလေးငယ်တွေရဲ့ဘဝဟာ တကယ့်ကိုရင်နာစရာကောင်းလှပါတယ်။

.

ယခုတင်ပြပေးမယ့် ဗီယက်နမ်နိုင်ငံကလေး၂ဦးရဲ့အဖြစ်ကလည်း ကြားရသူတွေ ရင်ထဲမချိလောက်အောင်ပါပဲ။

.

သူတို့၂ဦးဟာ ယာဉ်တိုက်မှုကြောင့် ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့အပြင် မိခင်ကလည်း ခင်ပွန်းသည်သေဆုံးပြီးနောက် ကလေးငယ်တွေကို စွန့်ခွာသွားခဲ့တယ်လို့သိရပါတယ်။

.

ညီအစ်မ၂ဦးဟာ အသက်၆နှစ်အရွယ်နှင့် ၁၀နှစ်အရွယ်သာရှိသေးတာကြောင့် စားဝတ်နေရေးအတွက်လည်း စီမံတတ်တဲ့အရွယ် မရောက်ကြသေးပါဘူး။

.

သူတို့မိသားစုရဲ့စားဝတ်နေရေးအတွက် မျက်လုံးမကောင်းတဲ့ အဘိုးဖြစ်သူကပဲ ရုန်းကန်ရှာဖွေနေရတယ်လို့သိရပါတယ်။

.

.

.

အဖိုးအိုဟာ သားဖြစ်သူ ယာဉ်တိုက်ခံရပြီးသေဆုံးခဲ့ရတာကြောင့် ဝမ်းနည်းနေရတဲ့အပြင် ခွဲစိတ်ရန်လိုအပ်နေတဲ့ မျက်လုံးတစ်စုံနဲ့ မြေးဖြစ်သူတွေကို ရုန်းကန်ရှာကျွေးနေရရှာပါတယ်။

.

အဖိုးနဲ့မြေးလေးတွေဟာ ငွေကြေးမလုံလောက်တဲ့ကြားက ဘဝကိုကြိုးစားရုန်းကန်နေကြရပြီး ကလေးငယ်တွေကတော့ မိခင်ဖြစ်သူပြန်အလာကိုနေ့စဉ်မျှော်လင့်နေကြဆဲလို့ သိရပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

.

.