ဘယ်လိုဝယ်သူပဲ ဖြစ်ဖြစ်ပျူပျူငှာငှာ ဆက်ဆံတတ်တာကြောင့် ချီးကျူးခံနေရတဲ့ အရောင်းဝန်ထမ်းမလေး

လူတစ်ယောက်ကိုရုပ်ရည်အသွင်အပြင်ကိုကြည့်ပြီး အကဲခတ်ကာ ခွဲခြားဆက်ဆံတတ်ခြင်းဟာ လူတော်တော်များများရဲ့သဘာဝလိုဖြစ်နေပါတယ်။

.

အမျိုးသားတစ်ဦးဟာ စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ ဖုန်းဆိုင်တစ်ဆိုင်ထဲဝင်သွားတဲ့အခါ သူ့ရဲ့ညစ်ပေနေတဲ့ပုံစံကြောင့် ထိုဆိုင်ကနေ ဝန်ဆောင်မှုမပေးချင်ခဲ့ပါဘူး။

.

ဒါပေမဲ့ OPPO ဖုန်းဆိုင်ကိုရောက်တဲ့အခါမှာတော့ ထိုဆိုင်က အရောင်းဝန်ထမ်းလေးတစ်ဦးက အဝတ်အစားတွေညစ်ပတ်နံစော်နေတဲ့ ထိုအမျိုးသားကို ကာစတန်မာတစ်ယောက်အနေနဲ့ ပျူပျူငှာငှာဆက်ဆံခဲ့ပြီး သူလိုချင်တဲ့ ဖုန်းအမျိုးအစားကို ထုတ်ပြကာ ချိုချိုသာသာနဲ့ရှင်းပြပေးခဲ့ပါတယ်။

.

Pinky လို့အမည်ရတဲ့ ထိုအရောင်းဝန်ထမ်းလေးကျေးဇူးနဲ့ ဘယ်သူကမှ ဝန်ဆောင်မှုမပေးချင်တဲ့ အမျိုးသားဟာ သူလိုချင်တဲ့ ဒေါ်လာ ၁၃၅ တန်ဖိုးရှိတဲ့ OPPO A47 ဖုန်းကို ဝယ်ယူခွင့်ရသွားခဲ့တဲ့အပြင် သူမဟာ ဖုန်းရဲ့လုပ်ဆောင်ချက်တွေ အသုံးပြုတွေကိုပါ အသေးစိတ်ရှင်းပြပေးခဲ့တယ်လို့သိရပါတယ်။

.

.

ဒီသတင်းကို Visayan ဆိုတဲ့ဖေ့ဘွက်အကောင့်တစ်ခုတင်ထားခဲ့ပြီး အင်တာနက်သုံးစွဲသူတိုင်းကလည်း ဆင်းရဲချမ်းသာမရွေးဘဲ ချိုသာစွာဝန်ဆောင်မှုပေးခဲ့တဲ့ အရောင်းဝန်ထမ်းမလေး Pinky ကို ချီးကျူးခဲ့ကြပါတယ်။

.

ဝတ်ပုံစားပုံစုတ်ချာနေပေမယ့် ထိုအမျိုးသားကတော့ သူ့မှာဖုန်းရဲ့ကျသင့်ငွေထက်ပိုများတဲ့ငွေကြေးပါလာကြောင်း ဆိုခဲ့ပြီး ကာစတန်မာကိုအပြင်ပုံပန်းသဏ္ဍာန်မကြည့်ဘဲ တန်းတူဆက်ဆံတဲ့အရောင်းစာရေးမလေးကတော့ စံပြုစရာအရောင်းဝန်ထမ်းအဖြစ် လူအများရဲ့ချီးမွန်းခြင်းကိုခံနေရပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

.