ပွေ့ဖက်တဲ့အခါ ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုး (၇) ချက်

အမေရိကန် မိသားစု အကြံပေး ဆရာဝန် Virginia Satir က ပွေ့ဖက်တဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြထား ပါတယ်။ ပွေ့ဖက်ခြင်း ဆိုတာ လူတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ ချစ်ခင်မှု၊ ဝမ်းနည်းမှုတွေကို ပြသတာ ဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ခြင်းက နွေးထွေးမှုတွေကို ယူဆောင်လာပေး နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ အကျိုးကျေးဇူးတွေ ရရှိစေ ပါတယ်

၁။ ပွေ့ဖက်ခြင်းက ကိုယ်ခံအား စနစ်ကို တိုးတက်စေ ပါတယ်။

စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တဲ့ နည်းလမ်းတစ်ခု ကတော့ ပွေ့ဖက်ခြင်း ပါပဲ။ Cornegie Mellon တက္ကသိုလ်နဲ့ Pittsburgh တက္ကသိုလ်တို့ရဲ့ လေ့လာချက်တွေ အရ ပွေ့ဖက်ခြင်းက ဖျားနာတာကို သက်သာစေကြောင်း တွေ့ရပါတယ်။ ဖျားနာတဲ့ သူတွေကို ပွေ့ဖက်ပြီး အားပေးလိုက်ခြင်းက အဖျားသက်သာ သွားစေကြောင်း လူပေါင်း ၄၀၄ ယောက် ပါဝင်တဲ့ သုတေသနာမှာ ဖော်ပြထား ပါတယ်။

၂။ ပွေ့ဖက်ခြင်းက အာရုံကြော အဖွဲ့အစည်းကိုလည်း တိုးတက်စေပါတယ်။

ပွေ့ဖက်ခြင်းက အထီးကျန်ခြင်း၊ ကြောက်လန့်ခြင်းတွေကို လျော့ပါးစေတဲ့ အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာအောင်လည်း ကူညီပေး ပါတယ်။ ဒါ့အပြင် တယောက်နဲ့ တယောက် ပွေ့ဖက်ခြင်းက လေးစား တန်ဖိုးထားမှုကို ပြသရာရောက်တဲ့ အပြင် ခန္ဓါကိုယ်ရဲ့ ကျန်းမာရေးကိုလည်း တိုးတက်လာစေပါတယ်။

၃။ သွေးဖိအားကို ကောင်းမွန်စေ ပါတယ်။

ပွေ့ဖက်ခြင်းကြောင့် ရလာတဲ့ ကျန်းမာရေး ကောင်းကျိုးများကို North Carolina တက္ကသိုလ်က လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုကို ပြုဖို့ အတွက် လူပေါင်း ၂၀၀ ကို အုပ်စုနှစ်စု ခွဲပြီး လေ့လာခဲ့ ပါတယ်။ ပထမအုပ်စု အတွက် တစ်ယောက် လက်ကို တစ်ယောက် ကိုင်ခိုင်းပြီး စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ကို ၁၀ မိနစ်ကြာ ကြည့်စေ ပါတယ်။ ပြီးတော့ စက္ကန့် ၂၀ ကြာအောင် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ခိုင်း ပါတယ်။

ဒုတိယအုပ်စု ကိုလည်း စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ်ကို ၁၀မိနစ်ကြာ ကြည့်စေ ပါတယ်။ တစ်ယောက်လက်ကို တစ်ယောက် မကိုင်ခိုင်းထား ပါဘူး။ ဒီအုပ်စု ကိုတော့ မပွေ့ဖက်ခိုင်း ပါဘူး။ ရလဒ်ကတော့ ပထမ အုပ်စုက သွေးဖိအား တည်ငြိမ်နေပြီး စိတ်ဖိအားတွေ ပိုလျော့သွားကြောင်း၊ နှလုံးကျန်းမာရေး မှာလည်း အကျိုးရှိကြောင်း တွေ့ရပါတယ်

၄။ ပွေ့ဖက်ခြင်းက စိတ်ကို ပျော်ရွှင်စေပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်တဲ့ အခါ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်လာ ပါတယ်။ အဲဒီဟော်မုန်းက အမျိုးသမီးတွေ အပေါ်မှာ ပိုပြီး အကျိူးသက်ရောက်မှု ရှိပါတယ်။


၅။ ပွေ့ဖက်ခြင်းက နာကျင်မှုတွေ ကိုလည်း လျော့ပါးစေပါတယ်။

အထိအတွေ့အာရုံက ၆ ခု ရှိပါတယ်။ ပွေ့ဖက်ခြင်း ကလည်း အတွေ့အာရုံတစ်မျိုး ဖြစ်ပါတယ်။ ပွေ့ဖက်ခြင်းကနေ တစ်ဆင့် အဆစ်နာကျင်မှု၊ ကြွက်သား နာကျင်မှုတွေကို လျော့ပါးစေ ပါတယ်။

၆။ ပင်ပန်းမှုတွေကို ပွေ့ဖက်ခြင်းက သက်သာစေ ပါတယ်။

မိသားစုဝင် အချင်းချင်း တစ်ရက်ကို ၁၀ စက္ကန့်ကြာ ပွေ့ဖက်ပေးရုံနဲ့ စိတ်ပင်ပန်းမှု၊ ခန္ဓါကိုယ် ပင်ပန်းမှုတွေကို ပြေလျော့စေ တယ်လို့ Lena Forsell နဲ့ Jan Astrom တို့က ပြောပါတယ်။ ပွေ့ဖက်ခြင်းကြောင့် မိသားစုဝင် အချင်းချင်း ရင်းနှီးမှု၊ နွေးထွေးမှုတွေ ပိုတိုးလာစေ ပါတယ်။

၇။ စိုးရိမ်သောကတွေ ကိုလည်း ပွေ့ဖက်ခြင်းက လျော့နည်းစေ ပါတယ်။

ပါတီမှာ တွေ့တဲ့အခါ၊ ခရီးတစ်ခုခုကနေ ပြန်လာတဲ့ အခါ ပွေ့ဖက်ပေးခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတဲ့ အပြင် လူမှုဆက်ဆံရေး မှာလည်း အဆင်ပြေစေ ပါတယ်။ ပွေ့ဖက်တဲ့ အခါ ထွက်လာတဲ့ oxytocin ဟော်မုန်းက အကောင်းမြင်စိတ်တွေ များလာစေတဲ့ အပြင် စိုးရိမ်သောကတွေ ကိုလည်း နည်းသွားစေပါတယ်။

ရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners