လွတ်လွတ်လပ်လပ် ၊ အချုပ်အနှောင်ကင်းကင်း နဲ့ ဘဝကို ဖြတ်သန်းချင်တဲ့ ကြာသပတေးသားသမီးများအကြောင်း

ကြာသပတေး သားသမီးများအကြောင်း

(၁) နားလည်ပေးနိုင်စွမ်းမြင့်မားတဲ့သူတွေပါ။ပညာရှိတဲ့သူတွေဖြစ်ပြီး လက်တွေ့ကျကျ တွေးခေါ် တတ်တဲ့ သူတွေပါ ။

(၂) ရောက်လေရာတိုင်းမှာ လူတွေရဲ့ အာရုံ ကို ဖမ်းစားထားနိုင်တဲ့ ရုပ်ရည်နဲ့ အသွင်အပြင် ကို ပိုင်ဆိုင် ထားသူ တွေပါ ။

(၃) မွေးရာပါ ခေါင်းဆောင် စွမ်းရည် ကိုပိုင်ဆိုင် ထားသူ တွေပါ ။ ဒါကြောင့်ဘယ်လို အလုပ် ကိုပဲ လုပ်လုပ်ခေါင်းဆောင်ပိုင်း ကို ရကြပါတယ် ။

(၄) အလုပ် အရမ်း ကြိုးစားတဲ့ သူတွေဖြစ်ပြီး အောင်မြင်မှု ကို ရအောင်ယူနိုင် ကြပါတယ် ။

(၅) လွတ်လွတ်လပ်လပ် ၊ အချုပ်အနှောင်ကင်းကင်း နဲ့ ဘဝကို ဖြတ်သန်းချင်တဲ့သူတွေပါ ။

(၆) အရမ်း ခေါင်းမာ ပါတယ် ။ ဒီအချက်ကြောင့် တစ်ခါတလေမှာ ပေါင်းသင်းဆက်ဆံရေး ၊ လူမှုရေးပိုင်း မှာအဆင်မပြေတာ မျိုးတွေဖြစ်တတ် ပါတယ် ။

(၇) စကားပြော တဲ့ အခါ အရမ်း ကိုပြတ်ပြတ် သားသား ပြောတတ်တာကြောင့် တစ်ဖက်လူအတွက်စိတ်ဒဏ်ရာ ဖြစ်သွား စေနိုင်ပါတယ်။ ဆင်ခြင်ဖို့တော့လိုပါတယ် ။

(၈) လွယ်လွယ် ငြီးငွေ့ တတ်တဲ့ သူတွေပါ ။ကြာကြာ သည်းခံ မနေနိုင် သလို ၊အောင့်အည်း ရတာမျိုး ကိုလည်းလုံးဝ မကြိုက်တဲ့ သူတွေပါ ။


(၉) တစ်ဖက်သား ကို လေးလေး စားစားဆက်ဆံတတ်တဲ့သူတွေပါ။ ဒါပေမယ့်ကိုယ့်ကို စော်ကား သလို ခံစား ရရင်ပြင်းပြင်း ထန်ထန် တုန့်ပြန်တတ်ကြပါတယ် ။

(၁၀) ဒေါသကြီး တတ်တဲ့ အတွက် တစ်ခါတလေ မှာ လူတွေ နဲ့ အဆင်မပြေဖြစ်တတ် ပါတယ် ။ ဒါပေမယ့်စိတ်ရင်းကောင်းတဲ့သူတွေပါ ။

(၁၁) ပျော်ပျော် နေ တတ်တယ် ၊ လက်တွေ့ဆန်တယ် ၊ ကြီးပွား ချမ်းသာတယ်စသဖြင့် လူသိများတဲ့ သူတွေပါ ။

(၁၂) လူမှုရေးချမ်းသာ ကြွယ်ဝမယ့် သူတွေ ဖြစ်ပါတယ် ။သူတို့ဟာ ကြီးမားကျယ်ပြန့် တဲ့ ပေါင်းသင်းဆက်ဆံရေး၊ အတွေးအခေါ်အယူအဆတွေကို ပိုင်ဆိုင် ထားသူတွေ ဖြစ်ပါတယ် ။

အကြံပေးရာမှာ အရမ်း တော်တဲ့ သူတွေဖြစ်တာကြောင့် လူတွေ က သူတို့ ဆီမှဝေဖန်စကားတွေ၊ အကြံပေးစကားတွေကို တောင်းယူ ရတဲ့ သူတွေပါ ။

မွေးရာပါ ဆရာ ဖြစ်ဖို့ ကံ ပါလာတာကြောင့်အမြဲလိုလို အပေါ်စီး က နေနိုင်တဲ့သူတွေပါ။တစ်ခါတလေ စိတ်ဓာတ်ကျ တတ်တယ်ဆိုပေမယ့် စိတ်မပူပါနဲ့ ။သင်ဟာ ချမ်းသာဖို့ ဇာတာ ပါတဲ့ သူပါ ။

(၁၃) အလုပ်အကိုင်

အသစ်အဆန်းတွေ တစ်ခု ပြီး တစ်ခုလုပ်ရတာ၊ ခရီးသွားရတာတွေ၊အဆက်မပြတ်စူးစမ်းလေ့လာရတာမျိုးတွေမကြိုက်ပါဘူး ။ဒါကြောင့် သူတို့နဲ့ အလိုက်ဖက်ဆုံး အလုပ် အကိုင်ကတော့ နိုင်ငံရေးပဲ ဖြစ်ပါတယ်

(၁၄) အချစ်ရေး

ဘွင်းဘွင်း ရှင်းရှင်း ပြောတတ်တဲ့ အပြင်ခံစားချက် ကိုလည်း ပြတ်ပြတ် သားသားဖွင့်ပြ တတ်တဲ့ သူတွေပါ ။ ဒါကြောင့်တစ်ခါတလေ အချစ်ရေးမှာ ဒီအရာတွေကြောင့် အဆင်မပြေ ဖြစ်တတ်ပါတယ် ။ ချစ်သူနဲ့ အလိုက်အထိုက်လေးနေဖို့ကြိုးစားကြည့်ပါ။သင့်အချစ်ရေးက သာယာမှာပါ ။

(၁၅) အိမ်ထောင်ရေး

စကားပြောဆင်ခြင်လိုက်ရင် အိမ်ထောင်ရေးက အရမ်းကို အဆင်ပြေမှာပါ။ တစ်ခါတလေမှာ အိမ်ထက် အပြင်ကို ဦးစားပေးတာ တွေများတတ် ပါတယ် ။ ဒါကို အထူး ဂရုပြုပါ ။

ငွေရေးကြေးရေး အတွက် အပြင်မှာ အလုပ်ထွက်လုပ်တာ မှန်ပေမယ့် တစ်ဖက်မှာမိသားစု ကိုလည်း အချိန် ပေးဖို့လိုပါတယ် ။

( ၁၆ )ဉာဏ်ရည် ဉာဏ်သွေး မြင့်မားပြီး ပါးနပ်လွန်းတဲ့ သူတွေပါ ။ အရာရာတိုင်း ကိုကောင်းမွန်စွာ နားလည်သဘောပေါက်လွယ်တဲ့အပြင် အကင်းပါးတဲ့သူတွေပါ။

( ၁၇ )ဘယ်ပဲ သွားသွား လူရှိန်တဲ့ ဥပဓိရုပ်မျိုး ကိုပိုင်ဆိုင်ထားကြ သလို ရောက်လေရာတိုင်းမှာ မျက်နှာပွင့်လန်းတဲ့ သူတွေ ဖြစ်ပါတယ်။

( ၁၈ )ခေါင်းဆောင်နိုင်စွမ်း အပြည့် ရှိသူတွေ ဖြစ်လို့ ဘယ် အလုပ် မှာပဲ ဖြစ်ဖြစ် ရာထူး မြင့်မြင့်ရရှိတတ် ကြပါတယ် ။

( ၁၉ )ကိုယ့်အား ကိုယ်ကိုး ပြီး အောင်မြင်မှုလမ်းကြောင်း အသစ်တွေ ကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့ သူတွေ ဖြစ်ပါတယ် ။

( ၂၀ )လွတ်လပ်မှု ကို မြတ်နိုးပြီး လွတ်လွတ်လပ်လပ် နေတတ်ကြ သူတွေ ဖြစ်ပါတယ် ။

( ၂၁ )လုံးဝကို အနိုင်မခံအရှုံးမပေးချင်တဲ့ သူတွေဖြစ်သလို၊ နည်းနည်းလေးမှ အထက်စီးမခံ၊အကျောမခံ တတ်ကြ တာကြောင့်အပေါင်းအသင်းတော့ နည်းပါတယ် ။

( ၂၂ )ပြောစရာ ရှိရင် ဒဲ့ပဲ ပြောတတ် ကြသလို ၊တုတ်ထိုး အိုးပေါက် ပြောတတ် ကြလွန်းလို့ တစ်ခါတလေ တစ်ဖက်သား ကိုမရည်ရွယ်ဘဲ စိတ်မကောင်း ဖြစ်စေတတ်သူ တွေပါ ။ ဒါပေမယ့် သူတို့ ဟာ ပွင့်လင်းတာပါ ၊ နစ်နာ စေလို တဲ့ စိတ်တော့ မပါပါဘူး ။

( ၂၃ )ငြီးငွေ့လွယ်တဲ့သူတွေ ဖြစ်ကြသလို၊ တစ်ခုခုအပေါ်အကြာကြီး အာရုံမစိုက်တတ်ကြလို့ခရီးသွားတာလိုမျိုး အမြဲတမ်းစိတ်ဝင်စားစရာနဲ့ပြည့်နေတဲ့ အလုပ်မျိုးက အကိုက်ညီဆုံးပါ။

( ၂၄ )တစ်ဖက်သားကို ယဉ်ကျေးပျူငှာစွာဆက်ဆံ တတ်သူတွေဖြစ်သလို၊ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထားကောင်းမွန်တဲ့သူတွေပါ။ ဒါပေမယ့်လည်း အငြိုးအရမ်းကြီးပါတယ်။

( ၂၅ )အရမ်းကို ဉာဏ်ရည် ထက်မြက် ကြတယ် ဆိုပေမယ့် စိတ်ဓာတ်က အတည်တကျမရှိတာကြောင့် အောင်မြင်သင့်သလောက်မအောင်မြင်ကြရတာပါ။ တစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် သူများတွေထက်fသာလွန်မယ့်သူတွေလည်း ဖြစ်ပါတယ်။

ကြာသပတေး သားသ္မီး များ အတွက်

ငယ်ရွယ်ချိန် မှာဆို စကား ပြောနှေးတတ်တယ်။ စိမ်းစိုနေတဲ့ နေရာတွေကို နှစ်သက်တတ်ကြတယ်။ လုပ်ရည်ကိုင်ရည်ရှိတယ်။အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့ အခါမှာခေါင်းဆောင်ပိုင်း ကိုမှ နေရာယူတတ်ကြတယ်။

အတတ်ပညာပိုင်း ဆိုင်ရာတွေမှာ ဝါသနာ ကြီးပြီး သင်ယူလိုစိတ် ထက်သန်ကြတယ်။ စိတ်ထား နူးညံ့ပီး အယုံ လွယ်တယ်။ သနား တတ်ကြတယ်။ စိတ်ညစ်ရတာ တွေကို မကြိုက်ကြဘူး။

အကူအညီ ပေးတဲ့ အလုပ်တွေ လုပ်ရတာဝါသနာ ပါကြတယ်။ မာနမကြီးဘူး။ စိတ်ကတော့ မရှည်ဘူး စိတ်ဆိုးစိတ်ကောက်ကလဲ လွယ်သေးတယ်။ နောင်ပြောင်ကျီစယ်လိုစိတ်ကတော့ အပြည့်အဝရှိကြတယ်။

သစ္စာတရားကို တန်ဖိုးထားတယ်။ အားနည်းချက်ကအယုံအကြည်လွယ်တယ်။ခေတ်မီပြီး စတိုင်မိတဲ့ သူတွေကို သဘောကျတတ်လေ့ ရှိကြတယ် ။ ဒေါသထွက်လာရင် ဖျက်စီးတတ်ကြတယ်။ မိသားစုကို ချစ်တတ်ပြီး သိတတ်တယ်။

အပေါင်းအသင်းလဲ ပေါများတယ်။ အချစ်ရေးမှာအများစုက ကံကောင်းတယ်။ဆောင်ရမယ့် အဆောင်ကျောက်ရတနာကတော့ ဥဿဖရားကျောက်ဖြစ်ပါတယ်။

ရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners