မနက်တိုင်းပူဇော်နိုင်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်အား. မျက်နှာသစ်တော်ရေ ပူဇော်နည်း

မနက်တိုင်းပူဇော်နိုင်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်အား. မျက်နှာသစ်တော်ရေ ပူဇော်နည်း

ဗုဒ္ဓမြတ်စွာဘုရားရှင်အား..မျက်နှာသစ်တော်ရေကပ်နည်းလေးပါ

ဗုဒ္ဓမြတ်စွာဘုရားရှင်အား..မျက်နှာသစ်တော်ရေကပ်နည်းလေးပါ မခက်ပါဘူး..မနက်တိုင်းပူဇော်ကြစေဖို့ရွှေပေါ်ကျွန်းဆရာတော်ကြီး၏

ဗုဒ္ဓမြတ်စွာဘုရားရှင်အားမျက်နှာသစ်တော်ရေကပ်နည်း နံနက်စောစော အရုဏ်လာချိန်တွင် ငွေဖလားနှင့်ဖြစ်စေ ကြေးဖလား နှင့်ဖြစ်စေ ..

အေးမြကြည်လင်သန့်ရှင်း စင်ကြယ်သောရေကိုထည့်ပြီး အရှေ့ဘက် သ်ု့ မျက်နှာမူ ၍ ..ထိုရေဖလားကို ဦးခေါင်းထက်တိုင်ပင့်မြှောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဆက်ကပ်လှုဒါန်းပါ ။

” ဗုဒ္ဓံ သက်တော်ထင်ရှား မြတ်စွာဘုရား သခင်အရှင် ကိုယ်တော်မြတ်ကြီး ဘုရား အား ဤ အေးမြကြည်လင် သန်ု့ရှင်းစင်ကြယ်တော်မူသော ..မျက်နာသစ်တော်ရေ .. အာလုပ်ကျင်းတော်ရေကိုဆက်ကပ်ပါ၏ ။

လှုဒါန်းပါ၏ အရှင် ဘုရား “ဟု့ နှုတ်မှစိတ်မှလေးနက်ကိုင်းရှိုင်းညွတ်တွားစွာဖြင့်ဆက်ကပ်လှုဒါန်းပါ ။ပြီးသောအခါ .. ထိုရေတော်ဖလားကိုမလျက်ပင်

” ပဉ္စဗုဒ္ဓါ နဠာတေ တိဋ္ဌတု့ ” ဟု့ သက်စေ့ ထက်တစ်ခေါက် ပိုရွတ်ပေးပါ ။ ပြီးလျှင် မိမိအာရုံ ထဲ ပေါ်လာသမျှ မေတ္တာပွား၍အမျှပေးဝေပါ ။ပြီးမှထိုရေဖြင့်မျက်နှာသစ်ပါ ။အနည်းငယ်သောက်ပါ ။

အကျိူးကား .. ဘေးရန်အန္တရာယ်ကင်း ၍ ရန်သူပင် ဖြစ်စေကာမူ မိမိအားမြင်သည် နှင့် မိမိအကျိူးစီးပွားကိုဆောင်ရွက်ပေးစေပါသည် ။


မျက်နှာသစ်တော်ရေ ကပ်နည်း တစ်နည်း

ငွေဖလားနှင့်ဖြစ်စေ …ကြေးဖလား နှင့်ဖြစ်စေ ..အေးမြကြည်လင် သန့်ရှင်း စင်ကြယ်သော ရေ ကို ထည့်ပြီး

နံံနက်စောစော အရုဏ်ထချိန်တွင်နေထွက်ရာ အရှေ့အရပ် သို့ မျက်နှာမူ ၍ထိုရေဖလား ကို ဦးခေါင်းထက်တိုင် ပင့်မြှောက်ပြီးဗုဒ္ဓအားဆက်ကပ်လှုဒါန်းပါ ။

” ဗုဒ္ဓံ သက်တော်ထင်ရှား မြတ်စွာဘုရား သခင်အရှင် ကိုယ်တော်မြတ်ကြီး ဘုရား အား ဤ အေးမြ ကြည်လင် သန်ု့ရှင်းစင်ကြယ်တော်မူသော ..မျက်နာသစ်တော်ရေ .. အာလုပ်ကျင်းတော်ရေ ကိုဆက်ကပ်ပါ၏

လှုဒါန်းပါ၏ အရှင် ဘုရား “ဟု့ နှုတ်မှ စိတ်မှ လေးနက်ကိုင်းရှိုင်း ညွတ်တွားစွာဖြင့် ဆက်ကပ် လှုဒါန်းပါ ။ပြီးသောအခါ .. ထိုရေတော်ဖလားကို မလျက်ပင်

” သီရိတေဇံ ဝိသော ဘန္တု ” ဟု့သက်စေ့ ထက်တစ်ခေါက် ပိုရွတ်ပေးပါ။ပြီးလျှင် မိမိအာရုံ ထဲ ပေါ်လာသမျှ မေတ္တာပွား၍အမျှပေးဝေပါ ။ပြီးမှထိုရေဖြင့်မျက်နှာသစ်ပါ ။အနည်းငယ်သောက်ပါ ။

အကျိူးမှာ … တစ်နေ့တာဘေးရန်အန္တရာယ်နှင့် အနှောက်အယှက် အမျိူးမျိူး မှ ကင်းဝေးပြီး ကောင်းကျိူးချမ်းသာ သု့ခမင်္ဂလာအဖြာဖြာဖြစ်စေတက်ပါသည် ။

ရွှေပေါ်ကျွန်းဆရာတော်