ထူးခြားပြီးရှားပါးတဲ့ “ ဆင်ဘုရင်မ ” တစ်ကောင်ရဲ့နောက်ဆုံးအချိန်အခိုက်အတန့်ကို အမိအရဖမ်းယူရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာ

ထူးခြားပြီးရှားပါးတဲ့ “ ဆင်ဘုရင်မ ” တစ်ကောင်ရဲ့နောက်ဆုံးအချိန်အခိုက်အတန့်ကို အမိအရဖမ်းယူရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာ

Will Burrard-Lucas အမည်ရှိ တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာတစ်ဦးဟာ Kenya နိုင်ငံ Tsavo ဒေသမှာ မယုံကြည်နိုင်လောက်တဲ့ F_MU1 AKA ဆင်ဘုရင်မတစ်ကောင်နှင့်တွေ့ဆုံခဲ့ရပြီး သူ့ရဲ့အတွေ့အကြုံကိုလည်း ပြန်လည်မျှဝေထားခဲ့ပါတယ်။Burrard-Lucas ဟာ Tsavo ဒေသရှိဆင်များကို ဓာတ်ပုံရိုက်ကူးတဲ့ပရောဂျက်တစ်ခုကို စတင်ပြုလုပ်ခဲ့သူတစ်ဦးဘဲဖြစ်ပါတယ်။

သူဟာ ထိုဒေသရဲ့အကြောင်းများနှင့် F_MU1 AKA ဆင်များရဲ့အကြောင်းကို လေ့လာခဲ့ပါတယ်။ဆင်များဟာ နူးညံ့တဲ့စိတ်ထားရှိပြီး အလွန်ခမ်းနားထည်ဝါတဲ့သတ္တဝါကြီးများသာဖြစ်တယ်လို့ Burrard-Lucas က ဆိုခဲ့ပါတယ်။

“အဲ့ဒီအချိန်တုန်းက ကျွန်တော်က ခြုံပုတ်ထဲကနေ ဆင်တွေရဲ့ကျောပြင်ကို တစေ့တစောင်းရိုက်ကူးနေတုန်း စက္ကန့်ပိုင်းအကြာလေးမှာ အဲ့ဒီ F_MU1 ဆင်မကြီးက ကျွန်တော့်မျက်စိရှေ့ကို ရောက်လာခဲ့တယ် ၊ သူနဲ့စတွေ့တော့ ပါးစပ်တောင်မစိနိုင်ခဲ့ဘူး ။

အဲ့ဒီ F_MU1 ဆင်မကြီးက ပိန်လှီပြီးအသက်ကြီးနေပေမဲ့လည်း သူမက ယဉ်ကျေးသိမ်မွေ့စွာနဲ့ ရှေ့ကနေ ချီတက်သွားနေခဲ့တယ် ၊ သူမရဲ့အစွယ်တွေက ရှည်လျားလွန်းတာကြောင့် အောက်က

မြေပြင်ကိုတောင် သွားခြစ်မိနေတယ် ၊ သူမဟာ ကျွန်တော်တို့အတွက် အတိတ်က တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုလိုပါပဲ ”လို့ Burrard-Lucas က ၎င်း F_MU1 ဆင်မကြီးနဲ့တွေ့ဆုံခဲ့ပုံကို ပြန်ပြောပြခဲ့ပါတယ်။

Burrard-Lucas တို့အဖွဲ့ဟာ သူမအား ရေမိုးချိုးနိုင်ရန် ရေစိမ်လို့ရမဲ့နေရာတစ်ခုသို့ မြားခေါ်သွားခဲ့ကြပြီး သူမရေချိုးရမဲ့အလှည့်ကိုအတူတူစောင့်ခဲ့တဲ့အပြင် သူမနှင့်အတူ တစ်နေကုန်အချိန်ကုန်ခဲ့ကြကြောင်းကိုလည်း ပြောပြထားခဲ့ပါတယ်။

၎င်း F_MU1 ဆင်မကြီးအား ဖမ်းယူရိုက်ကူးထားခဲ့တဲ့ဓာတ်ပုံတိုင်းမှာ ဆင်ဘုရင်မရဲ့စစ်မှန်တဲ့ ဂုဏ်ကျက်သရေကို တွေ့မြင်နိုင်ပါတယ်။သို့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ Burrard-Lucas ဓာတ်ပုံများရိုက်ကူးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ၎င်းဆင်မကြီးဟာ ဆုံးပါးသွားခဲ့ပါတယ်။

ဆင်မကြီးဟာ အသက်ကြီးနေပြီဖြစ်တာကြောင့် သဘာဝတရားအတိုင်း ကွယ်လွန်သွားပုံရပါတယ်။ကျေးဇူးတင်စရာကောင်းတာကတော့ အခုဓာတ်ပုံများက သူမအား မသေစေခဲ့သလို ထာဝရအဖြစ်ကျန်ရှိသွားစေခဲ့ပါတယ်။

ထို့နောက် Burrard Lucas ဟာ သူ့ရဲ့Land of Giants စာအုပ်များရဲ့မျက်နှာဖုံးမှာ အဆိုပါ Tvaso ဒေသမှာ နှစ်အတော်ကြာနေထိုင်တဲ့ F_MU1 ဆင်ဘုရင်မကြီးရဲ့ဓာတ်ပုံကို အထူးပုံနှိပ်ကာ ပြုလုပ်ထားခဲ့ပြီး Burrard Lucas က တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ F_MU1 လို ရှားပါးပြီးထူးခြားတဲ့သတ္တဝါမျိုးကို

သူမတွေ့ဖူးခဲ့သလို ထူးခြားတာက ၎င်းဆင်မဟာ ၎င်းတို့ရဲ့မျိုးနွယ်မှာ အထင်ရှားဆုံးဖြစ်ကောင်းဖြစ်နိုင်ပြီး ၎င်းဆင်မကြီးနှင့်အတူရှိနေခဲ့ရတဲ့အချိန်ဟာ သူ့အတွက် တကယ့်အခွင့်ထူးတစ်ခုလိုဘဲလို့လည်း ပြောကြားခဲ့ပါသေးတယ်။

ရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners