၂ မိနစ် အချိန်ပေးရုံနဲ့ လျင်လျင်မြန်မြန် အိပ်ပျော်သွားစေမယ့် နည်းလမ်း

၂ မိနစ် အချိန်ပေးရုံနဲ့ လျင်လျင်မြန်မြန် အိပ်ပျော်သွားစေမယ့် နည်းလမ်း

ညဘက်မှာ အိပ်မပျော်ခြင်းက နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်စေပါတယ်။ လူအများစုက အိပ်ပျော်ဖို့အတွက် ဆေးတွေ သောက်ကြပါတယ်။

ဒါပေမယ့် ရေရှည်မှာ အိပ်ဆေးတွေ သောက်တာကလည်း မကောင်းပါဘူး။ ခြေထောက်ကို နှိပ်နယ်ပေးခြင်းကလည်း လျင်လျင်မြန်မြန် အိပ်ပျော်စေပါတယ်။

အဆင့် ၁

ပထမဆုံးအနေနဲ့ ခြေမထိပ်ကို လက်ညိုးနဲ့ စက်ပိုင်းပုံစံနှိပ်နယ်ပေးပါ။ ပြီးတော့ ခြေမကို လက်ညှိုးနဲ့ စက္ကန့်အနည်းငယ်ကြာအောင် ဖိထားပါ။

အဆင့် ၂

-အဆင့် ၂မှာ ခြေမကို လက်မနဲ့ နှိပ်နယ်ပေးရမှာပါ။ ခြေမအောက်ကနေ ခြေမအပေါ်အထိ ဖြည်းဖြည်းချင်း နှိပ်ပါ။ ပြီးရင်တော့ နောက်ခြေမတစ်ဖက်ကို ပြောင်းပြီးနှိပ်နယ်ပေးရမှာပါ။

အဆင့် ၃

ခြေဖဝါးရဲ့အလယ်ကနေ အပေါ်ကို တဖြည်းဖြည်းချင်း နှိပ်နယ်ပေးသွားရမှာပါ။

အဆင့် ၄

ခြေဖဝါးအလယ်ကနေ ဘေးဘက်တွေကို လက်မနဲ့ တဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။

အဆင့် ၅

ခြေဖဝါးရဲ့အလယ်ကို လက်မနဲ့ လက်ဝိုင်းပုံစံနှိပ်ပေးပြီး စက္ကန့်အနည်းငယ်ကြာအောင် လက်မနဲ့ ဖိထားပါ။

အဆင့် ၆

ခြေမကနေ ခြေညှိုးအထိ တစ်ချောင်းချင်းစီကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ခြေချောင်းတစ်ချောင်းနဲ့တစ်ချောင်းအကြားကိုလည်း နှိပ်နယ်ပေးလို့ရပါတယ်။

အဆင့် ၇

အတွင်းခြေမျက်စိနဲ့ အပေါ်ဘက် လက်လေးလုံးအကွာ၊ အရိုးရဲ့ဘေးဘက်ကို နှိပိနယ်ပေးပါ။ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ဒီနေရာကို လုံးဝမနှိပ်သင့်ပါဘူး။

အဆင့် ၈

ကြမ်းပြင်တစ်ခုအပေါ်မှာ ပက်လက်လှန်လိုက်ပြီး ဒူးကိုကွေးလိုက်ပါ။ ပြီးရင် ခြေချောင်းလေးတွေကို ဖြည်းဖြည်းချင်းချိုးပေးပါ။ ပြီးရင်တော့ နောက်ခြေထောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။

ဒီလေ့ကျင့်ခန်းတွေ လုပ်ပြီးရင်တော့ နှစ်နှစ်ခြိုက်ခြိုက် မြန်မြန်ဆန်ဆန် အိပ်ပျော်နိုင်ပါတယ်။

Zombie (Love Media)