
သင်မျှော်လင့် မထားသလို ဝိတ်မကျ ဖြစ်နေတာကတော့ အစားအသောက်လျှော့ မစားတာကြောင့်ဖြစ်ပါတယ်။
အစားအသောက် (၁)ရက်(၂)ရက်လောက် လျှော့စားလိုက်တာက
တစ်ချို့လူတွေအတွက်ဆို(၆)ပေါင်လောက် ကျသွားစေနိုင်ပါတယ်။
ပိတ်ရက်တွေမှာ အစားအသောက်ကို လျှော့စားပေးပြီး ကြားရက်တွေမှာတော့
ပုံမှန်အတိုင်းလေးစားသွားပေးပြီး ဝိတ်ချလို့လည်း ရပါတယ်။
(၁) စနေနေ့
မနက်စာ – ပေါင်မုန့်ကို ချိစ်သုတ်ပြီး ကောဖီ ၊ လက်ဖက်ရည် နဲ့ တွဲစားနိုင်ပါတယ်။ သကြား ၊ နို့ဆီကိုတော့ ရှောင်ပေးပါ။
နေ့လည်စာ – ဗိုက်ပြည့်စေပြီး အာဟာရဖြစ်စေမယ့် အသီးအရွက်တွေကို စားပေးရပါမယ်။
နှစ်ယောက်စာ – ထောပတ်သီး (၁လုံး) ၊ သခွားသီး (၁လုံး) ၊ အားလူးပြုတ် (တစ်ဝက်) တို့ကိုအသုတ်အနေနဲ့ စားပေးနိုင်ပါတယ်။
ညစာ – (၁၀၀)ဂရမ်ရှိတဲ့ ငါးကို အမွှေးအကြိုင်တွေနဲ့ ချက်ပေးနိုင်ပြီး
အချိုပွဲအဖြစ် အဆီမပါတဲ့ ဒိန်ချဉ်ကို စားပေးနိုင်ပါတယ်။
(၂) တနင်္ဂနွေနေ့
မနက်စာ – Green Tea တစ်ခွက် နဲ့ သကြားမပါတဲ့ crackers အကြီး (၂)ချပ် ကိုစားပေးနိုင်ပါတယ်။
နေ့လည်စာ – အသီးအရွက်ကြော်ကို စားပေးရပါမယ်။ နှစ်ယောက်စာ – အားလူးပြုတ် (၂လုံး) ၊ ဂေါ်ဖီ
(တစ်ဝက်) ၊ ပြောင်းဖူး (တစ်ခွက်စာ)၊ သံလွင်ဆီ (ဇွန်းတစ်ဝက်) တို့ကို ရော်ကြော်ပေးနိုင်ပါတယ်။
ညစာ – (၁၀၀)ဂရမ်ရှိတဲ့ ကြက်သား ၊ ကြက်ဥပြုတ် (၁လုံး) ၊ ခရမ်းချဉ်သီး (၁လုံး) ကိုစားပေးပြီး
အချိုပွဲအနေနဲ့ အဆီမပါတဲ့ ဒိန်ချဉ်ကို စားပေးနိုင်ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners