အရွယ်တင်နုပျိုချင်တဲ့မိန်းကလေးတိုင်း သိကိုသိထားရမယ့်အလှအပလျှို့ဝှက်ချက်(၃)ခု

မိနျးကလေးတိုငျး မလှခငြျတဲ့သူ၊ မနုပြြိုခငြျတဲ့သူမရှိပါဘူး။

မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အရေးအကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုလှပတဲ့သူ၊ အမြဲတမ်းလှပနေတဲ့သူဖြစ်ချင်ကြပါတယ်။

အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်းမဖြစ်မနေသိထားရမယ့် အလှအပဆိုင်ရာလျှို့ဝှက်ချက်တွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ်

vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကိုအပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကို အနှစ်ဖြစ်အောင် ရောမွှေပါ။

မျက်နှာကိုပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကိုမျက်နှာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။

တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင် တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေပါလိမ့်မယ်။

(၂) ကိုယ်တိုင်လုပ် အမည်းစက်ပျောက်ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း၊ သံပရိုရည်တစ်ဇွန်း၊ အုန်းဆီတစ်ဇွန်း တို့ကိုရောမွှေပြီး မျက်နှာအနှံ့ထူထူလေးလိမ်းပေးပါ။

၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ဖွဖွလေးနှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။

သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင် အမည်းစက်တွေသိသိသာသာလျော့ပါးလာတာကိုတွေ့ရပါလိမ့်မယ်။

(၃) ဆားဝက်ခြံပျောက်ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။

မိနစ်နှစ်ဆယ်လောက်ထားပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးကာ တစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့မျက်နှာပြန်သစ်ပေးပါ။


ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ။ တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကို တဖြည်းဖြည်းသက်သာပျောက်ကင်းလာစေပါလိမ့်မယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners