
မီးဖိုချောင်ပန်းကန်ဆေးသည့်aနရာကအသံတိတ် လူသတ်သမားလွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။
မီးဖိုချောင် ပန်းကန်ဆေးသည့်aနရာက အသံတိတ်လူသတ်သမား လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။
အိပ်ယာထဲကမထနိုင်သလိုအစားအသောက်ပါ မစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးကအရိုးပေါ် အရေတင်နေပါပြီ သူခံစားနေရတဲ့ဝေဒနာကို မေးကြည့်တော့ချက်နားကစူးအောင့်ပြီးနာနေသလို ဝမ်းလဲချုပ်နေပါတယ်။
ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲပေးသတဲ့လေ။ ဖြစ်နိုင်ခြေကိုကျွန်တော်စဉ်းစားကြည့်ပါတယ် အစာအိမ်မှာအနာရှိသလား အူခေါက်သလားအူကင်ဆာလားပေါ့လေ။ စိတ်ထဲမှာမသင်္ကာလာတာနဲ့ မေမေ့တပည့်ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ ဆရာဝန်ကြီးက လူနာကိုချက်ချင်းဆေးရုံကြီးကိုခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ပြောပါတယ်။
ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး ဆရာဝန်တွေခေါင်းစားရတဲ့ပြသနာပါပဲ။ Operationလုပ်ဖို့ကလဲရောဂါ အတိအကျမသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။
အတိုချုံ့ပြောရရင်တော့ လူနာဟာခြောက်လအကြာမှာဆုံးပါးသွားတာပဲဖြစ်ပါတယ်။ ရင်ခွဲစစ်ဆေးချက်တွေအရအူမကြီးတစ်ခုလုံးပုပ်နေပါပြီ။ အူမကြီးကိုအသေအခြာစစ်ဆေးတော့မှ အူနံရံမှာစိုက်ဝင်နေတဲ့ Steelစလေးကိုတွေ့ရပါတယ်။
အဲဒီSteelစလေးက ပန်းကန်တွေဆေးရာမှာအသုံးပြုတဲ့Steelအစလေးပါ အခန့်မသင့်ရင်အသက်တစ်ချောင်းဆုံးရှူံးတတ်တာကြောင့် အိုးတိုက်တဲ့သံစာဖတ်ကိုမသုံးစေချင်ပါဘူးခင်ဗျာ။ ခရက်တစ်ပါ
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners