
ရသေ့ကြီး ဦးခန္တီရွတ်ဆိုသော အလွန်အကျိုးပေးသည့် ဘုရားရှိခိုး
လာဒ်တိတ်နေသူများ ၊ ဈေးရောင်းမကောင်းသူများ ၊ အကြွေးမရသူများ ၊ အကြွေးမဆပ်နိုင်သူများ ၊ ငွေကြေး အခက်အခဲဖြစ်နေသူများ ၊အကြီးအကဲနဲ့ အဆင်မပြေသူများ ၊ အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင်လိုသူများ အတွက်အလွန်တရာမှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာကိုလက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ….
ကိုယ်တွေ့တစ်ခု ပြောပါရစေ…၂၀၁၂ .၁၂ .၃၁ နေ့မှာ ငွေ ၆ သိန်း ပေးပါမယ် လို့ ကတိပြုခဲ့တာပါ..၂၉.၁၂.၂၀၁၂ နေ့မှ ၄ သိန်းပဲ ရှိပါတယ်.. ၂ သိန်း လိုနေတယ်လေ..
၂ သိန်းကို ၂ ရက် အတွင်းဘယ်လို ရှာရမလဲ.. စိတ်ပေါက်ပေါက် နဲ့ တီဗွီ ဖွင့်ကြည့်လိုက်တာ အဲဒီမှာ ဗန်မော် ဆရာတော် ဒေါက်တာ ကုမာရ ဘိဝံသ က MRTV 4 မှာ ရသေ့ကြီးဦးခန္တီအကြောင်း တရားဟောနေတာ နာ လိုက်ရပြီး အဲဒီလာဒ်ရွင်စေတဲ့ ဂါထာကို အားတိုင်း ရွတ် မနက် ၄၅ မိနစ် ၊ ည ၄၅ မိနစ် ရွတ်လိုက်တာ ၃၁.၁၂ . ၂၀၁၂ နေ့လည် 2း00 နာရီမှာ–
ဟောခန်းမှာ ဗေဒင်ဟောနေရင် ဖုန်းဝင်လာတယ်..ကံစမ်းမဲပေါက်တယ်တဲ့ ၂ သိန်းရမှာတဲ့……ဟိုက်ရှားပါး…. လန်းသွားပါတယ်…..
ကတိ အတိုင်း ပေးနိုင်ခဲ့ပါတယ်…ကိုယ်တွေ့ပါဗျာ
အဲဒါနဲ့ သူငယ်ချင်းဗေဒင်ဆရာတစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပြတာ သူက ပြန်ပြောတယ်.. ငါလည်း အဲဒါ ရွတ်တာ ဒီမနက်ပဲ အိမ်ဝိုင်းရောင်းထွက် လို့ ဆိုပြီး ၂ သိန်း လာကန်တော့သွားတယ်တဲ့…. ..တော်တော်ထူးတဲ့ ဂါထားပါပဲဗျာ
ငွေကြေးအခက်ခဲ ရှိတဲ့ မိတ်ဆွေများ လည်း မနက် ၄၅ မိနစ် ည ၄၅ မိနစ် ရွတ်ကြည့်ပါလား ဘာခက်တာ မှတ်လို့ …
ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။
အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊
စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊
သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။
(အနက်ကို ရွတ်ဆိုရန်မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ…
အထက်ပါ ဂါထာကို သာရွတ်ပါ။)
၁။ အရဟံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၂။ ဗဟိ-အန္တ-ဇယ – အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၃။ သုဂတံ – ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၄။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၅။ ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၆။ လလိတံ – တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၇။ အတုလံ – အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၈။ စရဏံ – အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၉။ တိ-ဘဝူပ-သမံ – ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၁၀။ ယမကံ – ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၁၁။ သုခဒံ – ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၁၂။ သရဏံ – ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၁၃။ ဇိနံ – မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
လိုသလောက် မရပေမဲ့ လုပ်သလောက်တော့ ရပါတယ်…. ခင်ဗျာ……
Credit: အနှိုင်းမဲ့ရင်ခွင်