အမွေးအမျှင်တွေအများကြီးနဲ့ ထူးထူးဆန်းဆန်း ရှင်သန်နေထိုင်ကြရတဲ့ မိသားစု

အမွေးအမျှင်တွေအများကြီးနဲ့ ထူးထူးဆန်းဆန်း ရှင်သန်နေထိုင်ကြရတဲ့ မိသားစု

အိန္ဒိယနိုင်ငံ မိသားစုတစ်စုကနေ အမွေးအမျှင်ထူထပ်စွာနဲ့ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ လူသားမျိုးစိတ် ချီရှိတဲ့အနက်မှာ ရှားပါးမျိုးစိတ်တစ်ခုလို့ သတ်မှတ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အဆိုပါ ကလေးရဲ့ အမေနဲ့ ညီအစ်မတော်စပ်သူ နှစ်ယောက်မှာလည်း ဒီလိုအခြေအနေမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။

၎င်းမိသားစု မျိုးဆက်ကို Werewolf Family gene လို့ ပညာရှင်တွေက သတ်မှတ်ထားပါတယ်။ ဝံပုလွေလူမျိုးနွယ်လို့ ဆိုရမယ် ထင်ပါတယ်။

ကလေးရဲ့ အမေအမည်မှာ Manisha Sambhaji Raut ဖြစ်ပြီး အသက် (22) ရှိပါပြီ။ သူမနဲ့ ညီအစ်မ တော်စပ်တဲ့ Savita (30) နစ်နဲ့ Savitri (19) နှစ်တို့ကလည်း သာမန်လူတွေထက် အမွေးအမျှင် သိသိသာသာ ပိုထူထပ်ကြပါတယ်။ ၎င်းတို့ဟာ အိန္ဒိယနိုင်ငံ အလယ်ပိုင်း ပူနီပြည်နယ် ဇာတိဖွားတွေ ဖြစ်ကြပါတယ်။

Raut က “ ကျွန်မ မှန်ထဲကို ကြည့်လိုက်တဲ့အခါတိုင်း ကိုယ့်ကိုကိုယ် ထူးဆန်းတယ်လို့ ခံစားမိတယ် … တစ်ခြားလူတွေနဲ့မှ မတူတာကိုး …

အခု ကျွန်မသားလေးကလည်း ဒီလိုပုံစံမျိုးဖြစ်နေတော့ အံ့သြရပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။ အခု လူမ မယ်ကလေးငယ်လေးမှာလည်း လက်မောင်း၊ ကျောပြင်နဲ့ ခန္ဓာကိုယ် အရေအပြား နေရာအနှံ့နီးပါးမှာ အမွေးအမျှင်တွေ ထူထပ်စွာ ပေါက်ရောက်နေပါတယ်။

၎င်းတို့ မျိုးနွယ်ရဲ့မျက်ခုံးမွေးကလည်း အခြားလူတွေထက် သုံးဆ/လေးဆခန့် ပိုပြီး ထင်ရှားနေပါတယ်။ Raut က “ကျွန်မတို့ ညီအစ်မတွေကို လူတွေက သရဲမတွေ၊ မျောက်ဝံမတွေ၊ မျောက်မတွေလို့ လူတွေက ခေါ်လေ့ရှိပါတယ် ဒီအခြေအနေဟာ နာကျင်စရာကောင်းလှပြီး အခု ကျွန်မသားလေးကိုလည်း ဒီလိုအဖြစ်မျိုး ကြုံရမှာကို ကျွန်မ မဖြစ်စေချင်ပါဘူး ”လို့ ဆိုခဲ့ပါတယ်။

Raut နဲ့ ခင်ပွန်းသည် Vithal (30)နှစ် တို့ဟာ လွန်ခဲ့တဲ့နှစ် မေလ 25 ရက်နေ့မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကလေးတစ်ယောက် မွေးဖွားကာ မိခင်ဖခင်ဘဝကို ပိုင်ဆိုင်ခဲ့ရလို့ ပျော်ရွှင်ခဲ့ကြပေမယ့် Raut ရဲ့ ယောက္ခမတွေက အမွေးအမျှင် ထူထပ်လွန်းတဲ့ မြေးကို နှစ်လိုခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ဒါပေမယ့် ကလေးရဲ့ဖခင် Vithal ကတော့ သူ့သားလေးကို အလွန်ချစ်မျက်နိုးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၎င်းရဲ့ မိဘနှစ်ပါးနဲ့လည်း အတိုက်အခံလုပ်ထားတယ်လို့ သိရပါတယ်။

Vithal က ” သူက ကလေးပဲရှိပါသေးတယ် သူ့အမေက ဒီလို အခြေအနေဆိုးကနေ လွတ်ဖို့ Cream တွေကို လိမ်းပေးလေ့ရှိပါတယ် အဲဒီအခါမှာ ငိုလေ့ရှိပြီး သူ့အသားတွေ နီးမြန်းလာပါတယ် အရွယ်က Cream လိမ်းဖို့ ငယ်သေးတဲ့ အရွယ်ကိုး ဒါပေမယ့် သဘာဝအတိုင်းက ပိုကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners