ဖိုးချစ်ပြောပြတဲ့ သူ့ဘဝအကြောင်

ဖိုးချစ်က သူ့ဘဝအကြောင်းကို အောက်ပါအတိုင်းဘဲ ပြောပြခဲ့ပါတယ်။အဖေက မြန်မာ့သစ်လုပ်ငန်းမှာလည်း သစ်လုပ်တယ်။ မြန်မာ့သစ်လုပ်ငန်းရဲ့ တေးဂီတပိုင်းမှာလည်း ဂီတမှူးလုပ်ခဲ့တဲ့ ဆိုင်းဆရာကြီးပါ။ မေမေကတော့ ဆုံးသွားတာကြာပါပြီ။ ကျွန်တော် ရှစ်နှစ်ကိုးနှစ်သားအရွယ်လောက် ကတည်းကပါ။

ကျွန်တော်တို့မိသားစုက ဒီလိုဗျ။ မေမေဆုံးပြီးတဲ့အချိန်မှာ သုံးနှစ် လောက်ကြာတော့ ဖေဖေက နောက်အိမ်ထောင်ပြုတယ်။ ကလေးနှစ် ယောက်ရှိတယ်။

အဲဒါကြောင့် အခုဆိုရင် စုစုပေါင်းမောင်နှမခုနစ်ယောက်ပါ။ ကျွန်တော့်အစ်ကိုအကြီးဆုံးက ကျွန်တော့်ဇာတ်မှာ တာဝန်ယူပေးပါတယ်။ ကျွန်တော့်အထက်က အစ်ကိုတစ်ယောက်က Construction လုပ်ပါတယ်။ ကျွန်တော်တို့က စုစုပေါင်း မောင်နှမခြောက်ယောက်ပါ။ ဒါပေမဲ့ အစ်ကိုတစ်ယောက်က ဆုံးသွားပါပြီ။ ကျန်တဲ့ ညီငယ် ညီမငယ်တွေလည်း ရှိပါတယ်။

ကျွန်တော်က လေးငါးနှစ်သားလောက်ကတည်းက ဖေဖေရဲ့ တေးဂီတဝိုင်းမှာ ကတယ်။ ကျွန်တော်ဆယ်တန်းအောင်တဲ့အချိန်မှာ စီးပွား ရေးသမားဖြစ်ချင်တယ်။ ပြီးတော့ အင်ဂျင်နီယာတက်ချင်တယ်။

ဒါပေမဲ့ ငွေ ကြေးမတတ်နိုင်လို့ ပြန်လာခဲ့တယ်။ နောက်တော့ စီးပွားရေးလည်းမလုပ် ဖြစ်တော့ဘဲ ဇာတ်သဘင်လောကထဲကို ရောက်လာတယ်။ ရည်ရွယ်ချက်က ဇာတ်မင်းသားလုပ်မယ်ဆိုတာမျိုး မရှိပါဘူး။ မထင်မှတ်ဘဲ ဇာတ် သဘင်လောကထဲကို ရောက်လာခဲ့တာပါ။

ပရိသတ်တွေ အသိအမှတ်ပြုခဲ့တယ်-ကျွန်တော့်အဖေကို ကျွန်တော် အမြဲစံထားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အဖေက ငွေကြေးမပြည့်စုံပေမယ့် ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ ဟင်းကောင်းတစ်ခွက်တော့ အမြဲစားခဲ့ရတယ်။ ဖေဖေ စျေး သွားတယ်။ ပိုက်ဆံပါမသွားဘူး။

ဒါပေမဲ့ သူ့မိတ်ဆွေတွေနဲ့ မရရအောင်ကြိုး စားပြီး သားသမီးတွေအတွက် လုပ်ပေးတယ်။ ပြီးတော့ လက်တွေမှာ သွေး တွေထွက်အောင် ဆိုင်းတီးရတယ်။

ဆိုင်းနဲ့ပဲ ကျွန်တော်တို့ဘွဲ့ရပညာတတ် ဖြစ်အောင် ကြိုးစားလုပ်ပေးခဲ့တယ်။ အနုပညာနယ်ပယ်မှာဆိုရင် လေးစား ရတာက ဦးချမ်းသာပါ။ Stage Show လုံးဝမဆိုဘဲနဲ့ မြန်မာမှုနဲ့တင် ကြိုးစား ပြီး မြန်မာ့ဇာတ်သဘင်ကို ရပ်တည်တယ်။ ဆရာမြို့တော်မောင်ယဉ်အောင် ကိုလည်း စံထားတယ်။ ကျွန်တော့်ရဲ့ဆရာပါပဲ။

ရုပ်ရှင်တွေလည်းရိုက်ခဲ့တယ်
ငယ်ငယ်ကတည်းက ဖေဖေက ကျွန်တော့်ကို ပထမဆိုတဲ့နေရာကိုပဲ စိတ်ထဲရိုက်သွင်းခဲ့တယ်။ ဒုတိယဆုတွေရရင် အဲ့ဒီဆုကို ဖေဖေကလက် မခံဘူး။ အိမ်မှာမထားဘူး။ မှတ်တမ်းပေးရင် အဲ့ဒီ မှတ်တမ်းကိုဖြဲပစ်လိုက် တယ်။ မေမေဆိုလည်း ကျွန်တော်ကျောင်းသွားရင် ဘယ်လောက်ပဲအလုပ် ရှုပ်ပါစေမျက်နှာမှာ သနပ်ခါးလေးတွေ လိမ်းချယ်ပေးပြီးမှ လွှတ်တယ်။

ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် သားသမီးကိုပစ်မထားဘူး။ ဖေဖေ့ရဲ့ ဝန်ထမ်းလစာနဲ့မလောက်လို့ မေမေက ငယ်ငယ်ကထမင်းရောင်းရတယ်။ အဲ့ဒီထမင်းရောင်းတဲ့ဝန်းထဲမှာ မေမေ့ကို ထမင်းဝိုင်းကူရောင်းရင်းနဲ့ ကျွန်တော်လည်း ကိုယ်တိုင်ကြက်ဥပြုတ်ပြီး ကျွန် တော်ငါးနှစ်သားလောက်ကတည်းက စျေးရောင်းခဲ့တယ်။

အဲ့ဒီဘဝအသိတွေ ရှိတယ်လို့ အိုအေစစ် ဂျာနယ်နဲ့ အင်တာဗျူးမှာ သူ့ဘဝအကြောင်းကို ပွင့်ပွင့်လင်းလင်းဘဲ ပြောပြခဲ့ပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners