သူမ အသုံးပြုတဲ့ ကျောင်းဖတ်စာအုပ်ကြောင့် လူတွေရဲ့ လေးစားခြင်းကို ခံခဲ့ရတဲ့ ကျောင်းသူလေး

လောကကြီးမှာ ဘယ်အရာမဆို ကံ ဉာဏ် ဝီရိယဆိုတဲ့ အချက်သုံးချက်နဲ့ပြည့်စုံမှသာ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာပါ။

.

ပညာရေးခရီးလမ်းဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းဆိုတဲ့အရာကလည်း ထိုနည်းလည်းကောင်းပါပဲ။ ကြိုးစားမှသာ အောင်မြင်နိုင်တာပါ။

.

ဂျပန်နိုင်ငံက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရမှတ်အပြည့်နဲ့အောင်မြင်ခဲ့တဲ့ ကျောင်းသူတစ်ဦးရဲ့ စာကြိုးစားပုံကတော့ သြချလောက်စရာပါပဲ။

.

သူဘယ်လိုစာကြိုးစားလဲမသိရခင် သူ့ခဲ့ဖတ်စာအုပ်ကိုမြင်ရုံနဲ့တင် စာသိပ်ကြိုးစားတဲ့ကျောင်းသူဆိုတာ မြင်သာစေပါတယ်။

.

အခုတွေ့မြင်ရတဲ့ ဓာတ်ပုံလေးတွေကိုကြည့်မယ်ဆိုရင် သူ့ရဲ့ဖတ်စာအုပ်လေးဟာ ဖတ်စာအုပ်လို့တောင်မထင်ရလောက်အောင် သူ့ရဲ့မှတ်စုလေးတွေ ကာလာဘောပင်ရောင်လေးတွေနဲ့ပြည့်နှက်နေတာကိုတွေ့ရမှာပါ။

.

ဘယ်လောက်တောင်စာကိုကြိုးစားကျက်မှတ်ထားလဲဆိုရင်ဖက်စာအုပ်ပါမူရင်းပုံစံပျောက်ပြီး သူလေ့လာသမျှကိုရေးချမှတ်သားထားတဲ့ မှတ်စုစာအုပ်နဲ့တောင်တူနေတာကိုတွေ့ရမှာပါ။

.

သူမဟာ စာကြိုးစားလေ့လာချင်စိတ်ပြင်းပြရုံသာမကဘဲ သူမရဲ့ရုပ်သွင်ပြင်ကလည်း တကယ့်ကိုလှပပြီး ထက်မြတ်တဲ့မိန်းကလေးပုံစံအတိုင်းပါပဲ။

.

အင်တာနက်သုံးစွဲသူတွေဟာ သူ့ရဲ့စာအုပ်ကိုမြင်တွေ့ခဲ့ပြီးနောက် သူ့ရဲ့ရုပ်သွင်ကိုစိတ်ဝင်စားလာကြပြီး ကျောင်းသူလေးရဲ့ပုံစံကိုမြင်တွေ့တဲ့အခါမှာလည်း အားလုံးက အံ့သြချီးကျူးကြရပြန်ပါတယ်။

.

အခုဆိုရင်တော့ ဝီရိယစိုက်ထုတ်ပြီးကြိုးစားခဲ့တဲ့အကျိုးကြောင် သူမဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရမှတ်အပြည့်ဖြင့်အောင်မြင်ခဲ့ပြီး အခုဆို အင်တာနက်သုံးစွဲသူတွေရဲ့ စိတ်ဝင်စားခြင်းကိုလည်းခံနေရသူလည်းဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

.