ဗန်ဒါရွက်—ဗန်ဒါသီး မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့စကားဟာ စကားပုံမဟုတ်ပါဘူး

ဗန်ဒါရွက်—ဗန်ဒါသီး မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့စကားဟာ စကားပုံမဟုတ်ပါဘူး

ဒီနေ့မိသားစုတို့ကို ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီး ဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့လွယ်လွယ်အရိပ်ရလို့တချိူ ့ကမိမိအိမ်ခြံဝင်းမှာအရိပ်ရအောင်စိုက်ကြတယ်နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့သိသူနည်းပါးပါတယ်

ဗန်ဒါ ရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့့်ကို ၃ခွက်၁ခွက်တင်ကျိူ ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊အစာအိမ်အောင့်၊အစာအဆိပ်သင့်၊ဝမ်းဖောဝမ်းရောင်၊ကိုက်ခဲနာကျင်တာတွေလက်တွေ့ပျောက်တဲ့ဆေးပါ

ဆန်ပြုတ်ကျိူ သောက်နေရသူအစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ဆေးဖြစ်တယ် ဆီးဝမ်းသွေးလေ မကွဲအထက်လေဆန်ဖြစ်နေရင် ကျိူ သောက်ပျောက်တဲ့ဆေးလည်းဖြစ်တယ်

တချိူ ့က ဗန်ဒါ ရွက်ကို နေရိပ်မှာလှန်းပီးအမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ် အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ် ကျ နော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်ဆန်ပြုတ်ကိုလချီသောက်ရတယ်

ဆန်ပြုတ်သောက်တိုင်းမျက်ရည်ကျခဲ့ရတယ် ဆေးရုံမှာ၁လကျော်၂လနီးပါးတက်ရောက်ကုသဖူးတယ် စိတ်ဓာတ်တွေလည်းကျခဲ့တယ် ငါ ဒီရောဂါနဲ့သေရတော့မယ်ဆိုတဲ့အသိနဲ့ပါ သေမယ့်သေရင်တောင်ကိုယ်စားချင်တာစားပီး သေချင်တယ်

ကျနော်စိတ်ညစ်ညစ်နဲ့ဖုန်းကြည့်တယ် အစာအိမ်နဲ့ပတ်သက်ပီးဆေးတော့ရှိရမယ်ပေါ့ဗျာ လိုင်းပေါ်ရှာတယ် ကံကောင်းလို့ထောက်မ စွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကိုမြည်းစမ်းခွင့်ရခဲ့တယ်


ချက်ချင်း ပဲလိုက်ရှာခူးတယ် အပင်ကမဝေးပါဘူးကိုယ့်အနီးအးနာမှာပဲအဆင်သင့်ရှိနေခဲ့တယ် ၁ဝရွက်လောက် ကျိူ သောက်လိုက်တယ်ဆိုရင်ပဲ နာကျင်ကိုက်ခဲနေတာတွေတဖြည်းဖြည်းသက်သာလာတယ်အချိန် ၁ဝမိနစ်ပါပဲ သောက်ပီးမကြာဘူးဗိုကိဆာလာတယ် ကြာဇံဟင်းခါး ၂ပွဲဆက်တိုက်သောက်လိုက်တယ်

ဗန်ဒါရွက်ပြုတ်ထပ်သောက်တယ် ထမင်းစားတယ် ယူပစ်လိုက်သလိုပဲလုံးဝကောင်းသွားတယ် ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ရသွားပီ အခုလည်းအိမ်ကသမီး ကျောက်ကပ်ရောင်လို့ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲတိုက်လိုက်တယ် ဒီနေ့၃ရက်မြှောက်နေ့မှာပဲဗိုက်ကြီးဖောင်းကားနေတာလုံးဝလျော့သွားလို့သမီးလည်းသက်တောင့်သက်သာဖြစ်ပီးအရမ်းပျော်နေပါတယ်

ဒူးနာခါးနာတွေအတွက်အရွက်မနုမရင့်ကို မီးနဲနဲပြပီး စည်းထားကြပ်ထုတ်ထိုးထားပေးရင်လည်း သက်သာပျောက်ကင်းပါတယ်ဗန်ဒါစေ့ကတော့ နှလုံး ဆီးချိူ သွေးချိူ ရောဂါ သည်တွေအတွက်အထူးကောင်းလို့ စားပေးသင့့်ပါတယ်

ဗန်ဒါစေ့ကို အနောက်နိူင်ငံတွေမှာ ဧည့်ခံပွဲတွေမှာ အထူးဟင်းလျာအဖြစ်တည်ခင်းပါတယ် ချော့ကလက် ထဲမှာထည့်သွင်းရောင်းချတယ် ၁ဂရန်ကို ၁ဝဝဒေါ်လာနဲ့ရောင်းချနေကြတယ်

သိတဲ့သူက ဗန်ဒါစေ့ကိုထုခွဲစားရင်လည်း အမေးအမြန်းမရှိတန်းပီးကဲ့ရဲ့အပြစ်တင်တာတွေရှိတယ် ကျနော်တို့မြန်မာပြည်မှာတော့ပေါပေါရလို့ရောင်းချသူမပြောနဲ့စားသုံးသူတောင်မရှိဘူးး

ဟုတ်ကဲ့ ပါ စာလည်းရှည်သွားပီ အပိုတွေလည်းပြောမိသွားပီ စာကိုဆုံးအောင်ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ…

Credit; original uploader