
ဘုရားထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ ဘာလို့ ထည့်သွင်း ထားတာ တုန်း၊ တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ၊
ဘုရားထဲမှာ ဌာပနာတယ်၊ ဌာပနာဆိုတာ ထည့်သွင်းတာ၊ ထည့်သွင်းခြင်း တညျထားခွငျးလို့အဓိပ်ပါယ်ရတယ်၊ အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာ တုန်း၊
နိုင်ငံခြားသားတွေ အမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုး မရှိဘူး ပြောမှာပေါ့နော်၊ ဒါတွေ ထည့်လိုက်လို့ဘာ အကျိုးရှိမှာတုန်း၊ ဘုရားရုပ်ပွား ဆင်းတုတော်ထည့် တာတော့ထားပါတော့၊
ရတနာတွေထည့်တယ်၊ အခုခေတ်လည်း ထည့်တာပဲ၊ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဒ ါတရားနဲ့ကိုယ် ထည့်ကြတယ်၊ ဘာအတွက်ထည့်တာလဲ ဆိုတော့ ကြည်ညိုလို့ လှူတာပဲ သိတယ်။
သို့သော် တကယ့် အစစ်အမှန်က ရည်ရွယ်ချက် ရှိတယ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့ အခါ ဘုရားရဲ့ဓာတ်တော် တွေကို ရှစ်ပြည်ထောင် မင်းတွေကိုခွဲဝေပြီးပေး လိုက်တယ်၊ ဓာတ်တော်တွေက ရှစ်ပြည်တောင် ရောက်သွားတယ်၊
ဒီဓာတ်တော် တွေကို အန္တရာယ် ဖြစ်မှာစိုးလို့ ရှင်မဟာကဿပ တို့က အဇာတသတ် မင်းနဲ့ တိုင်ပင်ပြီးတော့ ဓာတ်တော် တိုက်ကြီးတစ်ခုလုပ်ပြီးဓာတ်တော် တွေစု ထည့်ထားတယ်၊
အဲဒီလို စုထည့်ထားပြီး အင်မတန်တန်ဖိုးရှိတဲ့ ပတ္တမြား တစ်လုံးကို အဲဒီထဲမှာ ထည့်ထားပြီး စာရေးထားတယ်။
နောင်တစ်ချိန်ကျရင် ဒီဓာတ်တော် တိုက်ကြီးပျက်စီးလို့ ပြင်ဆင်ဖို့ အတွက် ငွေကြေးမတတ်နိုင် ဘူးဆိုရင် ဒီပတ္တမြားတုံးကြီး ကိုရောင်းချပြီးပြင် ပါတဲ့။
အဲဒီတော့ ရတနာတွေ ထည့်သွင်း ထားခဲ့တယ် ဆိုတဲ့ အဓိပ်ပါယျဟာ သင်္ခါရ သဘောတရားအရတစ်နေ့ကျ ပျက်မှာပဲ၊ maintenance လိုတယ်လေ၊ maintenance အတွက် ထည့်ခဲ့တာ၊ ဒီလိုဆိုလို့ ရှိရင်တော့ ရည်ရွယ်ချက် ကောင်းတယ်ပေါ့၊
maintenance အတွက် deposit လုပ်ထားခဲ့တာ၊ဒါတွေကိုယူပြီး ဘုရားပြင် ရမယ်ပေါ့၊ အဲဒီ ရည်ရွယ်ချက်ပဲ၊ နောက်ကျတော့ ဒီရည်ရွယ်ချက်ကတဖြည်းဖြည်း ပျောက်လာ တဲ့သဘောပဲ။
မြန်မာပြည်မှာ ကုသိုလ်ရှင်တွေ ဆိုင်းဘုတ် ထိုးလေ့ရှိကြတယ်လေ၊ ဘုရားတံတိုင်းတို့ဘာတို့ညာတို့ အကုန်လုံးပေါ့၊ ကုသိုလ်ရှင်တွေ ဘာလို့ထိုးတာတုန်း၊
နာမည် ကြေငြာ တာလား၊ ရည်ရွယ်ချက်က ဘာလဲ၊ ကိုယ့်ကိုလူ သိစေချင်လို့ ထိုးတာလား၊မသိလည်း ဘာဖြစ်လဲ၊ လှူတာက လှူတာ ပဲပေါ့။
အဲဒီတော့ဆိုင်းဘုတ် ထိုးခြင်းရဲ့ရည်ရွယ်ချက်က ဘာလဲ ဆိုရင် အမျှဝေတဲ့ သဘော၊ မြင်တဲ့ ပုဂ္ဂိုလ်က သာဓုခေါ် ရအောင်လို့၊ဒါ့ကြောင့်မို့ ရှေးတုန်းကမိသားစု ကောင်းမှု ဆိုတာရဲ့နောက်မှာ နတ်လူသာဓု ခေါ်စေသော် ဆိုတာလေးပါတယ်၊
အခုခေတ်တော့ အဲဒီ နတ်လူသာဓု ခေါ်စေသော် ဆိုတာလေး ပျောက်သွားပြီး နာမည်ကြေငြာတာဖြစ် သွားတယ်၊ ဒါကပြောင်းလဲ လာတဲ့ သဘောပေါ့နော်၊ မူရင်း အဓိပ်ပါယျပြောကျ သွားပြီးတော့ ပြောင်းလဲလာ တဲ့သဘောဟာ ဒီလိုပဲရှိတယ်ပေ့ါ။
စပြီးလုပ်တဲ့ အချိန် ကတော့ အဓိပ်ပါယျရှိတယ်၊ အဲဒီအဓိပ်ပါယျရှိတာတှဟော နောက်ပိုင်း အဓိပ်ပါယ် မသိတော့ဘူး။ တစ်မျိုး တစ်မည်ပြောင်းလဲ သွားတတ်တယ်။
ဒေါက်တာ အရှင် နန္ဒမာလာ ဘိဝံသ ဆရာတော် ဘုရား ဟောကြားတော်မူသော ပါရာယန ဒေသနာမှ
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners