မြန်မာလက်ရာ နဲ့ အာရှသစ်သား ပန်းပုအနုပညာ ယဉ်ကျေးမှုကို ကမ္ဘာသိအောင် ဖော်ထုတ်ပြသနေတဲ့ ကွန်းခိုရာ ကျောင်းတော်ကြီ

မြန်မာလက်ရာ နဲ့ အာရှသစ်သား ပန်းပုအနုပညာ ယဉ်ကျေးမှုကို ကမ္ဘာသိအောင် ဖော်ထုတ်ပြသနေတဲ့ ကွန်းခိုရာ ကျောင်းတော်ကြီး

ကွန်းခိုရာ ကျောင်းတော်ကြီး

The Sanctuary of Truth ကို AAC အဖွဲ့ဝင်တွေ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။

ကျွန်တော့်ငယ်ငယ်က အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ ပန်းပုပညာရပ်တွေကို သင်ပြပေးခဲ့သော ပန်းပုဗိသုကာပညာရှင် ဆရာဦးမြင့်သိန်း(တမ္ပဝတီ)ကိုဂါဝရပြုရင်း

ထိုင်းနိင်ငံ ဖက်ထရာကမ်းခြေက သံတစ်ချောင်းမှ သုံးမထားတဲ့ သစ်သားပန်းပု ကျောင်းတော်ကြီးကို ရောက်ရှိခဲ့ပါတယ်။

ငယ်ဆရာရင်းကို တွေ့ခွင့်ရသလို ငယ်သူငယ်ချင်း ပန်းပုဆရာတွေကိုလည်း တွေ့ခွင့်ရခဲ့တော့ ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်မိသလို မြန်မာပန်းပု ပညာရှင်တွေရဲ့ တန်ဖိုးကို နေ့စားခနဲ့

ပေးချေနေတာကိုတွေ့ရတော့ ဒီလိုကျောင်းတော်ကြီးမျိုးသာ ကျွန်တော်တို့ နိင်ငံမှာ တည်ဆောက်ခွင့်ရခဲ့ရင် ဆိုတဲ့အတွေးနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။

ဒီကျောင်းတော်ကြီးမှာ သုံးထားတဲ့သစ်တွေက မြန်မာနိင်ငံက လာတဲ့ ကျွန်းသစ်တွေ သစ်မာတွေပါ။

ပုံဖော်ထုဆစ်နေတဲ့ ပန်းပုပညာရှင်တွေကလည်း မြန်မာနိင်ငံ မန္တလေးမြို့က ပန်းပုပညာရှင်တွေပါ။

ကျွန်တော် ငယ်ဆရာကိုယ်တိုင်က သူရဲ့ ပညာရှင်ကြေး မဖြစ်စလောက်နဲ့ သူလက်ရာတွေ တစ်ချိန်မှာကျန်ခဲ့ရင် ကျေနပ်ပြီဆိုပြီး ဒီကျောင်းတော်ကြီးမှာ ပေးဆပ်ရင်း ထုဆစ်ပုံဖော်ပေးနေခဲ့တာ ဆယ်စုနှစ် နားကပ်နေပါပြီ ။

ကျတော်တို့ရဲ့ သယံဇာတတွေ ပညာရပ်တွေက တန်ဖိုးရှိပါရဲ့နဲ့ ဘာကြောင့် သူများနိင်ငံမှာ လာပေးဆပ်နေရတာလဲ .???

ဒီကျောင်းတော်ကြီးထဲက အနုပညာလက်ရာတွေကို ကြည့်ချင်ရင် ဝင်ကြေး တစ်ဦးလျှင် ထိုင်းငွေ 500 ဘတ် ပါ

နေ့စဉ် ပိတ်ရက်မရှိ နိင်ငံခြားသားတွေ ထိုင်းလူမျိုးတွေ မြန်မာတွေ ရာနဲ့ ချီဝင်လေ့လာ နေကြပါကြောင်း.

Credit ရဲမင်း (ပန်းပုထုဆစ်သူ မန်းလေးမြို့ )