လက်စားချေဖို့ အင်အားတွေ အကုန်မခံပါနဲ့

လက်စားချေဖို့ အင်အားတွေ အကုန်မခံပါနဲ့”
✍✍✍✍✍✍✍✍✍✍
သတ္တဝါတွေရဲ့ ဘဝတွေကို သဘာဝက တရားမျှတမှုရှိရှိနဲ့ ဖန်တီးပေးထားတာပါ။

ကိုယ်ဘယ်လောက်ပဲ ခံရခံရ လက်စားချေဖို့ကြိုးစားတဲ့နေရာမှာ အရာရာကို အဆုံးရှုံးခံပြီး မကြိုးစားပါနဲ့။

ခွန်အားကြီးသူဖြစ်လို့ ခွန်အားကို အသုံးပြုပြီး ဘယ်လောက်ပဲ မာန်တက်ထောင်လွှား၊ ရက်စက်နေခဲ့ပါစေ။

အချိန်တန်လာတဲ့အခါမှာ သဘာဝကြီးက ခွန်အားကြီးသူအတွက်လည်း အဆုံးသတ်ကို ဖန်တီးပေးထားပြီးသားပါ။

ဥပမာ။ ။

သဘာဝကြီးက ကျားကို ခွန်အားကြီးတဲ့ သတ္တဝါအဖြစ် ဖန်တီးပေးလိုက်တယ်။
အဲ့ဒီခွန်အားတွေကို အသုံးပြုပြီး ခွန်အားနည်းတဲ့သတ္တဝါတွေရဲ့ အသားကို ရက်ရက်စက်စက် သတ်ဖြတ်စားသောက်ခွင့်ပေးထားတယ်။


သံသရာမှာ အပြစ်ရှိခဲ့တဲ့ သတ္တဝါတွေကိုလည်း ခွန်အားနည်းသူတွေအဖြစ် ဖန်တီးပေးထားပြီး ဝဋ်ကြွေးတွေကို ကြေအောင် ပြန်ပေးဆပ်စေထားတယ်။

တဖန် ခွန်အားကြီးတဲ့ကျားကိုလည်း ခွန်အားသုံးပြီးမှ စားခွင့်ရတဲ့ သတ္တဝါတွေရဲ့အသားကိုသာ စားစေပြီး ခွန်အားမသုံးပဲ လွယ်လွယ်ကူကူနဲ့ စားရနိုင်တဲ့ မြက်ကို မစားတတ်အောင် ဖန်တီးပေးထားပြန်တယ်။

ဒါကြောင့် သဘာဝကြီးက ခွန်အားကြီးတဲ့ကျားကို အရွယ်ကောင်းတုန်းတော့ ခွန်အားသုံးပြီး ရက်စက်ခွင့်ပေးထားတယ်။

အရွယ်အိုမင်းတဲ့ အချိန်မှာတော့ ခွန်အားလည်းမရှိတော့ဘူး။

ခွန်အားသုံးမှ အစာစားရတဲ့ ဘဝဖြစ်နေတော့ ခွန်အားမရှိတော့တဲ့အချိန်မှာ အစာအတွက် ဒုက္ခတွေခံစားရင်း အစာငတ်အားပြတ်ပြီး အခြားအင်အားသေးငယ်လွန်းတဲ့
သတ္တဝါတို့ရဲ့ အစာအဖြစ်နဲ့ပဲ တဖန်ပြန်ခံစားစေကာ ဘဝကို အဆုံးသတ်သွားစေထားတယ်။

ဒါကလည်း သဘာဝကြီးက တရားမျှတမှု ရှိအောင်ဖန်တီးပေးထားခြင်းပဲ။

ကျွန်တော်တို့ လူဘဝကြီးမှာလည်း သဘာဝကြီးက တရားမျှတမှုတွေနဲ့ ဖန်တီးပေးထားတာ ဖြစ်ပါလိမ့်မယ်။

ခွန်အားကြီးလို့ ထောင်လွှား ရက်စက်ခွင့်ရနေသူတွေလည်း အချိန်တန်ရင် သူတို့ရဲ့ အဆုံးသတ်ကို သဘာဝကြီးက ဖန်တီးပေးထားပြီးသား ဖြစ်မှာပါ။

ဒါ့ကြောင့် လက်ရှိခံနေရတဲ့ အားနည်သူတွေကလည်း အပင်ပန်းမခံပါနဲ့၊ ထပ်ပြီး အဆုံးရှုံးခံ မကြိုးစားပါနဲ့၊ အင်အားတွေကို အပိုအကုန်မခံပါနဲ့။

သဘာဝကြီးက ပေးထားတဲ့ ထိုက်တန်လာမယ့် အချိန်တစ်ခုကို ကြည့်ခွင့် မြင်ခွင့်ရအောင် မိမိခွန်အားတွေကို ချွေတာပြီး အသက်ရှည် ကျန်းမာနေဖို့ မိမိကိုယ်ကိုယ်မိမိသာ ဂရုစိုက်နေကြရအောင်ပါ။

မည်သို့ပင်ဆိုစေကာမူ သတ္တဝါအားလုံး အသက်ရှည် ကျန်းမာကြပါစေ။


🙏🙏🙏🙏🙏🙏🙏🙏🙏
Thein Than Win (ထိန်ကန်)
Photo – Google