မွေးနေ့ကိတ်ဝယ်ဖို့ ပိုက်ဆံမရှိလို့ ဂေါ်ဖီထုတ်၊မုန်လာဥနီတို့ဖြင့် ကျင်းပခဲ့တဲ့ အသက် ၁၀၀ ကျော်အဖွားအို

ကိုယ့်ရဲ့မွေးနေ့လေးကို မွေးနေ့ကိတ်လေးတစ်လုံးနဲ့ ဖယောင်းတိုင်လေးထွန်းရင်း မိသားစုနဲ့အတူ မဖြတ်သန်းချင်တဲ့သူရယ်လို့ ကမ္ဘာပေါ်မှာမရှိပါဘူး။

ဗီယက်နမ်နိုင်ငံ Thuanပြည်နယ် La Giမြို့က Tran Ngoc Thoအမည်ရှိအဖွားအိုတစ်ယောက်ကတော့ သူ့ရဲ့ ၁၀၁ နှစ်ပြည့်မွေးနေ့ကိုကျင်းပချင်ပေမယ့် ငွေကြေးမတတ်နိုင်ခဲ့ပါဘူး။

.

ဒါကြောင့် အဖွားဟာ သူ့ရဲ့မွေးနေ့ကိတ်အဖြစ် အိမ်မှာရှိတဲ့ သစ်သီးဝလံတွေဖြစ်တဲ့ ဂေါ်ဖီထုတ် မုန်လာဥနီ ငရုတ်သီး ခရမ်းချဉ်သီးတို့နဲ့ပုံဖော်ထားတဲ့ မွေးနေ့ကိတ်ကိုပဲ သူ့ရဲ့မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။

ဒီမွေးနေ့ကိတ်လေးနဲ့ အဖွားရဲ့ရိုးရှင်းတဲ့မွေးနေ့ပွဲလေးကို လိုင်းပေါ်တင်လိုက်ပြီး မကြာခင်မှာပဲ ထိုဒေသကဆေးရုံတစ်ရုံမှာတာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက အဖွားအတွက် မွေးနေ့ကိတ်တစ်လုံးမှာယူပေးခဲ့ပါတယ်။

.

ထိုစေတနာ့ဝန်ထမ်းလေးဟာ ကိတ်မုန့်ကိုအဖွားဆီကိုယ်တိုင်ပို့ဆောင်ပေးခဲ့ပြီး ဒီမွေးနေ့ကိတ်လေးနဲ့ သူ့ရဲ့စေတနာလေးကြောင့် အဖွားအတွက် ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးဖြစ်ခဲ့ရပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

.