မိဘကို စွန့်လွှတ်ပြီး အသက် ၉၄ နှစ်အရွယ် အဖိုးအိုကို လက်ထပ်လိုက်တဲ့ ၁၉ နှစ်အရွယ် မိန်းမပျိုလေး

လောကကြီးထဲမှာ ကိုယ့်ဘဝအတွက်ကိုယ် ဦးနှောက်နဲ့စဉ်းစားကာ စိတ်ကြိုက် ရွေးချယ်နိုင်ကြပေမယ့် ကိုယ့်နှလုံးသားရဲ့ခံစားချက်ကိုတော့ အဓမ္မစေခိုင်းလို့မရနိုင်ပါဘူး။

.

ဒီလိုခံစားချက်ကိုမထိန်းချုပ်နိုင်တာကြောင့် အင်ဒိုနီးရှားကအသက်၁၉နှစ်အရွယ်မိန်းမပျိုလေးဟာ သူထက်အသက်များစွာကြီးတဲ့အဘိုးအိုကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့ပါတယ်။

.

မိန်းကလေးဟာ အသက်၉၄နှစ်အရွယ်ရှိပြီဖြစ်တဲ့အဖိုးအိုနဲ့ချစ်ကြိုက်မိကာ သူချစ်ရတဲ့အဖိုးအိုကိုပဲလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

.

မိန်းကလေးကိုမိဘတွေထံမှာ ရူပီး၁၀သန်းနဲ့တင်တောင်းခဲ့ပေမယ့် မိဘတွေကသဘောမတူခဲ့ပါဘူး။

.

အသက်အရွယ်ကွာဟတဲ့အချစ်ဖြစ်လို့ အများကမဖြစ်နိုင်ဘူးလို့ထင်ကြေးပေးကြပေမယ့် မိန်းကလေးကတော့ မိဘတွေရဲ့ အမွေပြတ်စွန့်လွှတ်ခြင်းကိုတောင်ဂရုမစိုက်ဘဲ အဖိုးအိုနဲ့ လက်ထပ်ခဲ့ပါတယ်။

.

.

.

သူတို့ရဲ့မင်္ဂလာပွဲဟာ လူအများကိုအံ့အားသင့်စေခဲ့ပြီး တွေးမရအောင်ဖြစ်ခဲ့ရပါတယ်။

ဒီလိုအသက်ရှစ်ဆယ်ကျော်ကွာဟတဲ့ ချစ်ခြင်းတရားကိုတော့ ရှေးဘဝကရေစက်လို့ပဲ ပြောရမှာပါပဲပရိသတ်ကြီးရေ။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

.

.