အသက်မရှိတော့တဲ့ရင်သွေးလေး အနားမှာ ၁၆ ရက်အကြာ နေထိုင်ခဲ့ကြတဲ့ မိဘနှစ်ဦး

မိဘတွေဟာ သားသမီးတွေကို ရင်နဲ့ရင်းပြီးမွေးဖွားပေးခဲ့ရုံသာမက မိမိတို့ရင်သွေးတွေအပေါ် မေတ္တာကြီးတဲ့အလျောက် ဆုံးရှုံးရချိန်မှာလည်း ရင်နဲ့မချိအောင်ခံစားရသူတွေပါ။

Photo Credit = Original

.

ရင်သွေးတွေကိုဆုံးရှုံးလိုက်ရတဲ့ မိဘတွေရဲ့သောကမီးဟာ ဒီလောကရဲ့ အပူဆုံးမီးလို့တောင်ဆိုလို့ရပါတယ်။

Photo Credit = Original

.

ဒီလိုသားသမီးကိုဆုံးရှုံးခဲ့ရတဲ့ အပူမီးကိုကြုံတွေ့ရသူ Charlotte Szakacs နဲ့ ခင်ပွန်းသည် Attila တို့ရဲ့အဖြစ်လေးကလည်း တကယ့်ကိုရင်နင့်စရာကောင်းလှပါတယ်။

Photo Credit = Original

.

သူတို့ဇနီးမောင်နှံဟာ ပထမဦးဆုံးရင်သွေးလေးရဖို့အတွက် တစ်နှစ်ကျော်လောက်ကြိုးစားအားထုတ်ခဲ့ရပါတယ်။

Photo Credit = Original

.

သူတို့မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့ ရင်သွေးငယ်လေးကို ရရှိလာချိန်မှာလည်း ကံကြမ္မာက သူတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။

Photo Credit = Original

ဘာကြောင့်လဲဆိုတော့ မွေးဖွားလာချိန်မှာ သူတို့ရဲ့ရင်သွေးလေးဟာ ပေါင်ချိန် ၅ ပေါင်သာသာပဲရှိပြီး အလွန်သေးငယ်လွန်းတဲ့ အဆုတ်နဲ့ အူလမ်းကြောင်းတွေကြောင့် အသက်ရှုဖို့အခက်အခဲကြုံခဲ့ရပါတယ်။

Photo Credit = Original

.

ဒါကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကံအကြောင်းမလှတဲ့ကလေးငယ်ဟာ ခွဲစိတ်ပြီး ၄ ရက်အကြာမှာ လူ့လောကထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

Photo Credit = Original

.

ကလေးငယ်သူတို့ကိုခွဲခွာသွားတာကို မယုံနိုင်သေးတဲ့ Attila တို့ဇနီးမောင်နှံဟာ ဆေးရုံက ရင်သွေးလေးရဲ့အလောင်းဘေးမှာမစားမသောက်ဘဲ ၁၂ရက်တိုင်နေခဲ့ကြတယ်လို့ သိရပါတယ်။

Photo Credit = Original

.

အဲ့ဒီ့နောက်မှာတော့ သူတို့ဟာ သေဆုံးသွားတဲ့ကလေးငယ်ကို အိမ်ပြန်ခေါ်သွားခဲ့ပြီး ချက်ချင်းမြေမမြှုပ်နိုင်သေးဘဲ အသက်ရှိနေသေးသယောင် ပြုမူထားရှိခဲ့ကြကာ လေးရက်အကြာမှ ကလေးငယ်ကို အေးချမ်းတဲ့နေရာမှာ မြှုပ်နှံပေးခဲ့တယ်လို့သိရပါတယ်။

Photo Credit = Original

.

ကလေးငယ်ကတော့ ဘဝသစ်ကူးပြောင်းသွားပေမယ့် မိဘတွေရဲ့ လွယ်လွယ်နဲ့ပြတ်ဖို့ခက်တဲ့ သံယောဇဉ်ကြိုးကတော့ တကယ့်ကိုရင်နင့်စရာကောင်းအောင် ခိုင်ခံ့လွန်းလှပါတယ်နော်။

Photo Credit = Original

.

ဒီအဖြစ်အပျက်လေးကိုဖတ်ရှုပြီး စိတ်မကောင်းဖြစ်မိကြတဲ့ပရိသတ်ကြီးလည်း သူတို့ဇနီးမောင်နှံရဲ့သောကမီးတွေ လျော့ပါးသွားစေဖို့ ဆုတောင်းပေးမိကြမယ်လို့ မျှော်လင့်ပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )