အစားလုံးဝမစားဘဲ အသက်ရှင်နေတဲ့ အိန္ဒိယက အသက် ၂၅ နှစ်ရွယ် အမျိုးသမီးလေး

အိန္ဒိယနိုင်ငံ ဆိုနီပတ်မြို့မှာနေထိုင်တဲ့ MANJU Dharra ဆိုတဲ့ အသက်၂၅နှစ်အရွယ်အမျိုးသမီးလေးဟာ သူမရဲ့သက်တမ်းတစ်လျှောက် အစားလုံးဝမစားပဲ ရှင်သန်နေထိုင်ရသူဖြစ်ပါတယ်။

Photo Credit = Original

.

သူဟာ မိသားစုနဲ့အတူ ထမင်းဝိုင်းမှာ ပျော်ပျော်ပါးပါးစားသောက်ရတယ်လို့မရှိဘဲ အသက်ရှင်သန်ဖို့အာဟာရအနေနဲ့ တစ်နေ့ကို နွားနို့ လေးလီတာကနေ ၅လီတာကြား သောက်သုံးရတယ်လို့သိရပါတယ်။

Photo Credit = Original

.

Manju ရဲ့အမေကတော့သမီးဖြစ်သူဟာ မွေးကတည်းက အဖက်တွေကိုမစားနိုင်ဘဲ နို့ လက်ဖက်ရည် ရေ ဖျော်ရည် စတဲ့အရည်တွေနဲ့သာ အသက်ရှင်ရပ်တည်ရတယ်လို့ဆိုပါတယ်။

Photo Credit = Original

.

Manju ဟာ အစာပြွန်နဲ့ပတ်သတ်တဲ့ရောဂါဝေဒနာကိုခံစားနေရတာကြောင့် အရည်မဟုတ်တဲ့အစားအစာတစ်ခုခုစားမိတာနဲ့ ရုတ်တရက်ကြီး အော့အန်လာတတ်တယ်လို့ သိရပါတယ်။

Photo Credit = Original

.

ဒါကြောင့်သူမဟာ အစားအစာတွေမြင်ရင်ကြောက်နေတတ်ပြီး အန်ထွက်သွားမယ့်အစား အရည်တွေသောက်ရတာပဲ ပိုကောင်းပါတယ်လို့ ဆိုပါတယ်။

Photo Credit = Original

.

သူဟာ အစာအိမ်နာကျင်ခြင်းဝေဒနာကိုခံစားရလေ့ရှိပေမယ့် ကျန်းမာရေးကောင်းပြီး သာမန်အိန္ဒိယအမျိုးသမီးတစ်ဦးရဲအရပ်အမြင့်လည်းရှိပါတယ်။

Photo Credit = Original

.

ဒါ့အပြင် အိမ်အလုပ်တွေကိုလည်းကောင်းကောင်းမွန်မွန်လုပ်ကိုင်နိုင်ပါသေးတယ်။

မိသားစုဝင်တွေဟာ Manju ကိုဆရာဝန်တွေနဲ့ပြပြီး ကုသမှုတွေခံယူခဲ့ပေမယ့် မသက်သာခဲ့ပါဘူး။

ဒီဝေဒနာဟာ ခွဲစိတ်လိုက်ရင်သက်သာသွားနိုင်တယ်ဆိုပေမယ့် ခွဲစိတ်ကုသမှုစရိတ်ကြီးလွန်းတာကြောင့် လက်လျော့ခဲ့တယ်လို့ဆိုပါတယ်။

Photo Credit = Original

.

ဒါပေမဲ့ သူ့မိဘတွေဟာ manju အတွက်နွားနို့ပုံမှန်ရအောင် နွားတွေမွေးထားပေးပြီး သမီးဖြစ်သူအိမ်ထောင်ပြုမယ်ဆိုရင်တော့ သူ့ကိုနေ့တိုင်း နို့၅လီတာလောက်တိုက်နိုင်တဲ့ အမျိုးသားဖြစ်ဖို့တော့လိုတယ်လို့ ဆိုထားပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )
Source – adelaidenow

Photo Credit = Original

.