ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲများ

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ ( ၃၆၆ မိုင် ၃ဖာလုံ ) ရှိပါတယ်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။

ယခုကတော့ အမြန်လမ်းမကြီးမှာရှိတဲ့ လမ်းခွဲတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

၃၉ မိုင် (ဘုရားကြီးလမ်းခွဲ)

၇၂ မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

၈၃ မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

၈၃ မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

၁၁၅ မိုင် (ဖြူးလမ်းခွဲ)

၁၃၈ မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

၁၄၅ မိုင် (ခပေါင်းတံတား)

၁၄၆ မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

၁၅၄ မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

၁၇၃ မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)


၂၂၀ မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

၂၃၃ မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

၂၆၂ မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

၂၈၄ မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

၃၂၅ မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners