
ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး တခုဖြစ်သောဘန်ကောက်မြို့က ဗုဒ္ဓရုပ်ပွား တော်ကြီး ဖြစ်တဲ့ မဟာဗုဒ္ဓ ရုပ်ပွားတော်ကြီး ပြီးစီးပါတော့မယ်

ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ၆၉ မီတာ (၂၂၆ ပေ) မြင့်တဲ့ ဓမ္မကရာသီပုန်းမုန်ကိုး ဘုရားရုပ်ပွားတော်ကြီးကိုဘန်ကောက်မြို့ ဝက်ပခုက္ကူဖဆီချာရိုန်မှာ တည်ထားနေတုန်းပဲ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ပွားတော်ကြီးဟာ အထပ် ၂၀ မြင့်တဲ့ အဆောက်အဦး ပမာ ဏ မြင့်မားပြီး ၂၀၂၁ ခုနှစ်မှာ ဆောက်လုပ်တည်ထားမှု ပြီးစီးတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ဟာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှာ တည်ရှိပြီး ၁၂၈ မီတာ (၄၂၀ ပေ) မြင့် ပါတယ်။ ကမ္ဘ့ာဒုတိယအမြင့်ဆုံး ရုပ်ပွားတော်ကတော့


မြန်မာနိုင်ငံကလေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီး ဖြစ်ပါ တယ်။ ရပ်တော်မူဘုရားကြီး သည် ၁၁၆ မီတာ (သို့မဟုတ်) ၃၈၁ ပေ မြင့်မားပါ တယ်။

ရုပ်ပွား တော်မြတ်ကြီးသည် ၁၃.၅ မီတာ (၄၄ ပေ) အမြင့်ရှိ ပလ္လင်တော်ကြီးပေါ်တွင် ရပ်တော်မူလျက် အသွင်ဟန်ဖြင့် တည် ရှိပြီး၊ မြန်မာ နိုင်ငံ၊ မုံရွာမြို့ အနီး ခတက္ကန် တောင်ရွာ၊ ဇီးဖြူတောင်ပေါ်မှာ တည် ရှိ ပါတယ်

ထိုင်းနိုင်ငံ ဟာ မြတ်စွာဘုရား ရုပ်ပွားတော် ကြီးများ အများ အပြားကို တည်ဆောက် ပူဇော်လေ့ ရှိတဲ့ ဗုဒ္ဓ ဘာသာ နိုင်ငံတခု လည်း ဖြစ်ပါတယ်။


ယခု ရုပ်ပွားတော်ကြီးကလည်း၂၀၂၁ ခုနှစ်မှာ ပြီးစီးနိုင်မယ်ဆိုတော့ ၂၀၂၁ ဟာ ကမ္ဘာကြီးအတွက် အမှောင်ကျနေတဲ့အထဲက ရုန်းထွက်နိုင်ပြီး ငြိမ်းချမ်းသာယာ တော့မယ့် အတိတ် နိမိတ်ကို ဆောင် နေတာပဲ ဖြစ်ပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners