
ပိုက်ဆံသိန်းချီကောက်ရပေမယ့် လောဘမရှိပဲ ပိုင်ရှင်ကိုပြန်ရှာပြီး ပေးခဲ့တဲ့ အမျိုးသမီးရဲ့ လေးစားဖွယ်လုပ်ရပ်လေးကို ဂုဏ်ပြုနိုင်အောင်မျှဝေလိုက်ပါတယ်ဒီနေ့အင်းစိန်ကညနမှာကားလိုင်စင်ဝင်တာ။ အကျိုးတေ်ာဆောင်နဲ့လုပ်တော့ နားနေဆောင်မှာအေးရာအေးကြောင်းfbသုံးနေတာ။

အဲ့ဒီအချိန်မှာပုံထဲကအကျီအဖြူနဲ့အမျိုးသမီးဝန်ထမ်းဟုတ်ဟန်တော့မတူအကျိုးဆောင်လားပဲ။ပိုက်ဆံရှစ်သိန်းကျော်ကောက်ရတာ။ဘယ်သူဟာလဲအော်မေးနေတယ်။နားနေဆောင်ကလူတွေလဲမော့ကြည်ကြပေါ့။ပြီးတော့ခပ်လှမ်းလှမ်းကအမျိုးသမီးတစ်ယောက် သူ့ကြောပိုးအိတ်ဖွင်ကြည့်ပြီးပြူးတူးပြာတာနဲ့ သူ့ဟာဖြစ်ကြောင်း

ဘဏ်မှ အခုမနက်ဆယ်သိန်းထုတ်ပြီး မည်၍မည်မျှသုံးကြောင်းမည်မျှကျန်ကြောင်းပြောပြတယ်။ကောက်ရတဲ့အမျိုးသမီးကရှည်ရှည်ဝေးဝေးရစ်မနေပဲချက်ချင်းပြန်ပေးတယ်။

ပိုင်ရှင်ကလဲပိုက်ဆံရေရင်းလက်တွေတုန်နေတာ။ သူလဲပူထူပြီးမေ့နေဟန်တူတယ်။ နားနေဆောင်ထဲကလူအချို့ကမုန့်ဖိုးလေးပေးလိုက်ဦးလေလို့ပြောတော့2သောင်းလားမသိဘူး။လုံးဝမယူဘူးဗှာ။တစ်ကယ့်အရိုးခံ။

သူတို့ထွက်သွားတော့အဆောင်ထဲမှာပြောကျန်နေကြတာပေါ့။အဲ့ဒီအမျိုးသမီးကိုနာမည်လဲမသိပါဘူး။ရိုးသားမှုကိုသဘောကျလို့ခွင့်မတောင်းပဲဓာတ်ဖမ်းတင်လိုက်တာ။ခွင့်လွှတ်မယ်ထင်ပါတယ်။

(မကွန်းကွန်းလို့ခေါ်တယ်ဗျ။အင်းစိန်ကညနရုံးအကူနေစားဝန်ထမ်းပါဗျ။ပွဲစားမဟုတ်ပါ။)ကျနော်ခွင့်တောင်းပြီးဓာတ်ဖမ်းခဲ့သေးတယ်။ဒီလိုလူမျိုး ရှားသွားပါပြီ။

ဒါကြောင့် သူ့ရဲ့ ရိုးသားဖြူစင်မှုလေးကိုဂုဏ်ပြုစကား ဆိုရင်း အသိအမှတ်ပြုပေးကြရင်သူလည်း ပျော်ရွှင်မယ်ထင်ပါတယ်

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners