ဘယ်တော့မှမမေ့သင့်တဲ့ (၃၅) ချက်

ဘယ်တော့မှမမေ့သင့်တဲ့ (၃၅) ချက်

၁။ အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။ မိဘနှင့်အချိန်။

၂။ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ် လုပ်ခြင်းပဲ။

၃။ ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ်။

၄။ မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။

၅။ နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။

၆။ လိုသလောက် မရနိုင်ပေမယ့် လုပ်သလောက်တော့ ရနိုင်ပါတယ်။

၇။ မေ့တယ်ဆိုတာ မလေးစားလို့၊ ကြောက်တယ်ဆိုတာ မခိုင်လုံလို့။

၈။ အလုပ် မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။

၉။ မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။

၁၀။ လူတစ်ယောက်၏ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။

၁၁။ စာရိတ္တကောင်းရင် နောက်ကြောင်း ရှင်းတယ်။

၁၂။ မခိုင်းဘဲ လုပ်တာ သခင်၊ ခိုင်းမှ လုပ်တာ ကျွန်။

၁၃။ မျှော်လင့်ချက်သာရှိပါစေ ဘဝဆိုတာ ရှင်သန်လို့ အကောင်းဆုံး အရာတွေပါပဲ။

၁၄။ သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ။

၁၅။ လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘဝရဲ့သီအိုရီမှာ အသေးအဖွဲဆိုတာ မရှိပါဘူး။

၁၆။ ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့ သတ္တိ ရှိမှာပါ။

၁၇။ မစဉ်းစားပဲလုပ်လိုက်တာ မှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ။

၁၈။ ဖန်ခွက်ထဲမှာ ရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင် တော်ပါသေးတယ်။

၁၉။ ကံတရားပါကွာလို့ပြောနေသရွေ့ ဉာဏ်သမားဖြစ်လာမှာမဟုတ်ဘူး။

၂၀။ စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။

၂၁။ သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ။

၂၂။ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့ မင်းဟာလူမိုက်ပဲ။

၂၃။ ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင် ပြောင်းလဲပစ်နိုင်တယ်။

၂၄။ လိုအပ်တဲ့အခြေနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာ အလကားအချိန်ဖြုန်းနေတာပါပဲ။

၂၅။ လူတိုင်းဟာ အမှားနဲ့မကင်းပေမဲ့ ခဏခဏတော့ မမှားသင့်ပါ ဘူးလေ။

၂၆။ ဘဝဆိုတာ ပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ ကျောင်းပါပဲ။

၂၇။ ဒုက္ခအနီးတွင် သုခရှိ၏။

၂၈။ ဘဝမြင့်သွားပေမဲ့ ဘဝင်မမြင့်ပါစေနဲ့။

၂၉။ ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကို ထုတ်သုံး ရလိမ့်မယ်။

၃၀။ ဘဝဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ။

၃၁။ ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ် ပျက်စီးခြင်းပါပဲ။

၃၂။ အချစ်တွက်နဲ့ အသက်ပင်သေသေဆိုပြီး ဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ။

၃၃။နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာ မွေးဖွားနေဦးမှာပဲ။

၃၄။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာ အခြေခံအကျဆုံး အရာပါပဲ။

၃၅။ ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာ အမြဲဒွန်တွဲနေလျှက်ပါ။

CreditOriginalUploader