ဒယ်အိုးနီတွေသုံးရင်း အန္တရာယ်မဖြစ်စေရန် ဘယ်လိုအသုံးပြုရမလဲ

လက်ရှိ ဒယ်အိုးနီသုံးနေတယ်ဆိုရင်ဖတ်ဖြစ်အောင်ဖတ်ပြီး အခြားသူများအတွက် ပြန်လည်မျှဝေပေးကြပါအုံးနော်

အိမ်တိုင်းလိုလို ဟင်းချက်ရာမှာ နေ့စဉ်အသုံးပြုနေကြတဲ့ ဒယ်အိုးနီတွေကို ဘယ်လိုအန္တရာယ်ကင်းအောင်အသုံးပြုသင့်လဲဆိုတာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

အမှတ်မထင်အသုံးပြုနေကြရင်း အသက်အန္တရယ်ဖြစ်စေနိုင်တာမို့သတိထားနိုင်စေရန်ဖြစ်ပါတယ်။

အသုံးတည့်တော့အိမ်တိုင်းလိုလိုဝယ်သုံးကြတယ်။ဒါပေမဲ့အန္တရာယ်ကင်းအောင်သုံးတတ်ဖို့လိုတယ်လေ။

ဒီလျှပ်စစ်အကြော်အိုးတွေကတစ်ပိုင်းစီဖြုတ်ဆေးလို့ရတဲ့အမျိုးမဟုတ်တော့အလုပ်ရှင်တွေကို သေသေချာချာပြောပြပေးခဲ့ရတယ်။သတိပေးခဲ့ပေမဲ့အချိန်မရတဲ့အိမ်ရှင်မတွေအတွက်အားလုံးကို ထပ်သတိပေးလိုက်ပါတယ်

။အလုပ်ကများတော့ချက်ပြုတ်ကြော်လှော်ရင်း၊ရေချိုးရင်းနဲ့ပြာယာခပ်ပြီးသတိလက်လွတ်စတီးဇွန်းတွေနဲ့အကြော်အိုးကိုမွှေ။

အစိုဓာတ်ကများနေတော့ဓာတ်လိုက်ခံရ။ကံသီပေလို့ earth leakage circuit breaker လေးကိုမီးဖိုဆော့ကက်လိုင်းခွဲမှာခံထားပေးခဲ့တာလေးကအသက်ကယ်သွားတယ်။

ဖြစ်ပုံကအကြော်အိုးတွေကိုဆေးကြောပြီးရင်နေပြင်းပြင်းမှာမှောက်ထားပြီးအစိုဓာတ်ကင်းအောင်ထားဖို့သေသေချာ ချာပြောခဲ့တာကိုလဲအမှုမဲ့ဖြစ်လူကိုယ်တိုင်ကလဲအစိုဓာတ်များနေတဲ့အချိန်ဆိုတော့ ဒယ်အိုးကတစ်ဆင့်earthဆင်းသလိုဖြစ်သွားတယ်။အထဲကကြိုးတွေနဲ့အိုးရဲ့ဘော်ဒီနဲ့ထိတာမဟုတ်ပေမဲ့အန္တရာယ်ရှိသွားတယ်၊

ဂရုစိုက်ကြပါဗျာလက်လှမ်းမီရာတွေလဲသတိပေးကြပါ။အကြော်အိုးတွေကိုဆေးကြောပြီးရင်နေပြင်းပြင်းမှာလှန်းထားကြဖို့နောက်တစ်ခုက earth leakage breaker လေးတွေတပ်ဆင်အသုံးပြုကြဖို့ပါ။

Earth wire ပါပြီးthree pin socket outlet အသုံးပြုတဲ့အိမ်တွေအတွက်ကအကြောင်းမဟုတ်ပေမဲ့အိမ်တိုင်းကearthကြိုးတပ်မသုံးကြတာများတယ်လေ။အခုအလုပ်ရှင်အဒေါ်ကတော့ကံကောင်းပါတယ်။

အပ်လိကေ့ချ် လေးကယ်လို့ပေါ့ ပြီးတော့အပ်လိကေချ့်မှာပါတဲ့လိမ္မော်ရောင်ခလုတ်အသေးလေးကိုလဲနှိပ်နှိပ်ပြီးလစဉ်စမ်းပေးရပါမယ်။အဲ့ဒီအပ်လိကေ့ချ်ကအမှန်တကယ်ကောင်းသေးရဲ့လား safe ဖြစ်ရဲ့လားဆိုတာကိုပေါ့ buttoon လေးမှာကိုကtest monthlyလစဉ်စစ်ဆေးပါလို့ရေးထားပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners