ဆံပင်ကို အံ့မခန်း အရှည်မြန်လာစေမယ့် လူသိနည်းလျှို့ဝှက်ချက် (၅) မျိုး

ဆံပင်ကို အံ့မခန်း အရှည်မြန်လာစေမယ့် လူသိနည်းလျှို့ဝှက်ချက် (၅) မျိုး

ဆံပင်အရှည်မြန်ချင်တာ မိန်းကလေးတိုင်းလိုလိုရဲ့ ဆန္ဒဖြစ်ပါတယ်။ ဆံပင်ဟာ အရောင်ဆိုးတာ များလို့ပဲဖြစ်ဖြစ်၊ကောက်ဆေးဖြောင့်ဆေးတွေ ထိလို့ပဲဖြစ်ဖြစ်၊ အရှည်နှေးတာ၊ မရှည်တော့တာတွေ ဖြစ်တတ်ပါတယ်။ဒါကြောင့် ဒီနေ့မှာ ဆံပင်အရှည်မြန်စေမယ့်လျှို့ဝှက်ချက်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။

(၁) BIOTIN ဆေးပြား

ဆေးပြားလေးတွေကို အမှုန့်ဖြစ်အောင် ကြိတ်ချေလိုက်ပြီး ဆီနှင့်ရောလိုက်ပါ။ သင့်ရဲ့ဦးရေပြားကို နှိပ်နယ်ပေးပြီး တစ်ညလုံးနှပ်ထားလိုက်ပါ နောက်နေ့မနက်မှာ ပုံမှန်အတိုင်း ခေါင်းလျှော်ပေးလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အံမခန်းအရှည်မြန်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

(၂) ပန်းသီးရှာလကာ

ခေါင်းကို ပုံမှန်လျှော်နေကျအတိုင်းလျှော်ပြီး ရေသေချာဆေးလိုက်ပါ။ အဆုံးသတ်မှာ ပန်းသီးရှာလကာကိုရေနဲ့ရောပြီး ဆံပင်ကိုလောင်းကာ ရေခြောက်အောင် သုတ်လိုက်ပါ။ ဒီနည်းလမ်းဟာ ဆံပင်အရှည် မြန်ရုံသာမကပဲ ဆံပင်ကို အထူးကျန်းမာ သန်စွမ်းစေပါတယ်။

(၃) ပျားရည်

ခေါင်းလျှော်တိုင်း ခေါင်းလျှော်ရည်ထဲကို ပျားရည်အနည်းငယ် ထည့်ကာ လျှော်ပေးခြင်းဖြင့်ဆံပင်ကို သန်စွမ်းကျန်းမာလာစေပြီး အံ့မခန်းအရှည် မြန်လာစေမှာ ဖြစ်ပါတယ်။

(၄) မုန်လာဥနီ

မုန်လာဥနီကို ကြိတ်ပြီး အရည်ညှစ်လိုက်ပါ။ ရလာတဲ့ အရည်ကို ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပြီး တစ်နာရီအကြာမှာခေါင်းလျှော်ပေးခြင်းဖြင့် သန်စွမ်းကျမ်းမာတဲ့ ဆံကေသာကို ရရှိစေမှာ ဖြစ်ပါတယ်။

(၅) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့ လိမ်းပြီး တစ်နာရီလောက်နှ ပ်ထားလိုက်ပါ။ တစ်နာရီပြည့်သွားပြီဆိုရင်တော့ခေါင်းလျှော်ရည် အပျော့စားလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် သန်စွမ်းကျန်းမာတဲ့ဆံကေသာကို ရရှိမှာဖြစ်ပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners