
မကြာသေးမီက အင်တိုနီးရှားနိုင်ငံက အမျိုးသားလေးတစ်ဦးရဲ့ ဆိုင်တစ်ဆိုင်ရှေ့ ရှိုက်ကြီးတငင်ငိုကြွေးနေပုံဟာ Instagram acc ကတစ်ဆင့် အင်တာနက်သုံးစွဲသူတွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။
.
ထိုအမျိုးသားလေးဟာ အင်ဒိုနီးရှားနိုင်ငံ West Sumatraပြည်နယ် Kota Padang Panjang မြို့ရှိဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာငိုကြွေးနေခဲ့တာဖြစ်ပြီး
သူငိုကြွေးရတဲ့အကြောင်းအရင်းကတော့ ဂိမ်းဆော့ရင်းသဘောကျမိတဲ့ကောင်မလေးဆီကို အရောက်သွားပြီးချစ်ခွင့်ပန်ရာမှ အငြင်းခံလိုက်ရတဲ့အတွက်ပဲဖြစ်ပါတယ်။
.
သူဟာ Mobile Legend ဆော့ရင်း လေလှိုင်းကြားကဆုံတွေ့ခဲ့ရတဲ့မိန်းကလေးကို အပြင်မှာတွေ့ရဖို့အတွက်
၂၃၆ကီလိုမီတာကွာဝေးတဲ့ Pekanbaru မြို့မှ Padang Panjang မြို့သို့ ဆိုင်ကယ်နဲ့ခရီးနှင်ခဲ့ရှာပါတယ်။
.
ဒါပေမဲ့ မိန်းကလေးက သူ့အချစ်ကိုငြင်းဆန်ခဲ့တဲ့အတွက် လမ်းဘေးဆိုင်တစ်နေရာမှာ ကြေကွဲတဲ့စိတ်နဲ့ ရင်ကွဲပတ်လတ်ဖြစ်ပြီး ငိုကြွေးနေရတာ ဖြစ်ပါတယ်။
ဒါကို သူငယ်ချင်းဖြစ်သူက သူ့ရဲ့ Instagram acc မှာတင်လိုက်ရာကနေ သူငိုရတဲ့ဇာတ်ကြောင်းကို သိလိုက်ရတဲ့ အင်တာနက်သုံးစွဲသူတွေကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး မှတ်ချက်အများကြီးပေးခဲ့ကြပါတယ်။
.
ထိုဗီဒီယိုဖိုင်လေးကို ကြည့်ရှုသူအရေအတွက်၂သိန်းကျော်ခဲ့ရုံသာမက အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါပဲ။
မှတ်ချက်တွေထဲမှာတော့ တစ်ချို့က အချစ်နဲ့ပတ်သတ်တဲ့ဒဿနများစွာပြောပြီး အားပေးကြပေမယ့် တစ်ချို့ကတော့ မတွေ့ခင် video call အရင်ခေါ်ကြည့်သင့်ကြောင်း စတဲ့ သူတို့အယူအဆတွေကို ကွန်မန့်တွေကနေတစ်ဆင့် ဖော်ပြခဲ့ပါတယ်။
Shwe Yaung Myanmar ( Writer – Lwinlwin Aung )
.