မေးစေ့မှာ ရှိနေတဲ့ ဆားဝက်ခြံတွေကို အမြစ်ပြတ်သွားအောင် ကုသနည်းမျာ

ဆားဝက်ခြံတွေဆိုတာ နှာခေါင်း ၊ မေးစေ့ ၊ ပခုံး နဲ့ လက်မောင်းတွေမှာ ပေါက်တတ်ပါတယ်။ မေးစေ့မှာ ဆားဝက်ခြံဖြစ်တာက စိတ်ဖိစားမှု ၊ ဟော်မုန်းမမျှတမှု ၊ အစားအသောက် မမှန်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီနည်းတွေနဲ့ မေးစေ့မှာ ပေါက်တဲ့ ဆားဝက်ခြံတွေကို အမြစ်ပျောက်အောင် လုပ်နိုင်ပါတယ်။

(၁) ရေနွေးငွေ့

ရေဇလုံထဲ ရေနွေးထည့်ပေးပါ။ ခေါင်းပေါ် ပဝါလွှမ်းထားပေးပါ။ ဒီနည်းးက ဆားဝက်ခြံတွေကို ပွင့်သွားစေနိုင်ပါတယ် ။ ရေထဲကို Tea Tree Oil ထည့်သုံးပေးနိုင်ပါတယ်။

(၂) ရှားစောင်းလက်ပပ်

သဘာဝရှားစောင်းလက်ပပ်ကနေ အနှစ်က ဆားဝက်ခြံအတွက် အကောင်းဆုံး ဆေးတစ်လက်ပါ။ ရှားစောင်းလက်ပပ်အနှစ်ကို မေးစေ့မှာ လိမ်းပြီး (၁၀)မိနစ် လောက်အခြောက်ခံပေးပါ။ ရေနွေးနဲ့ ပြန်ဆေးပေးပါ။

(၃) သံပရိုရည်

သံပရိုသီးက ဆားဝက်ခြံကို အမြစ်ကနေ ပျောက်သွားအောင် ကုပေးနိုင်ပါတယ်။ သံပရိုသီးကို အရည်ညှစ်ပေးပြီး ဂွမ်းနဲ့ ဆားဝက်ခြံနေရာကို တို့လိမ်းပေးပါ။ ခြောက်သွားရင် ပြန်လိမ်းပေးပါ ၊ (၃-၄)ကြိမ်လောက်လိမ်းပေးပြီးရင် ရေနွေးနဲ့ မျက်နှာသစ်ပေးပါ။

Credit ​_စိုက်​ပျိုး​ရေးနှင်​့ အ​ထွေ​ထွေဗဟုသုတ