
သင့်နှလုံးလမ်းကြောင်းကပြောနေတဲ့ သင့်ရဲ့အကြောင်း(အရမ်းမှန်တယ်နော်)
၁။ သင့်နှလုံးလမ်းကြောင်းဟာ ပုံ(၁) မှာပြထားတဲ့အတိုင်း ဆိုရင်တော့
သင်ဟာရည်မှန်းချက်သိပ်ကို ကြီးမားတဲ့ လူတစ်ယောက်ပါ။
ဉာဏ်ရည်ထက်မြက်ပြီး အမှီခိုကင်းကင်း ရပ်တည်ချင်သူဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပြတ်သားခိုင်မာတယ်။
ဘဝကိုလက်တွေ့ကျကျ ရှုမြင်တတ်ပြီး အနည်းငယ် တစ်ကိုယ်ကောင်းဆန်တတ်တယ်။
သို့ပေမယ့် ပတ်ဝန်းကျင်အတွက်တော့ သိပ်ကိုအဖိုးတန်တဲ့ လူသားတစ်ဦးပါ။
၂။ သင့်နှလုံး လမ်းကြောင်းက ပုံ (၂)မှာ ပြထားသလိုဆိုရင်တော့
သင်ဟာ စဉ်းစားချင့်ချိန်နိုင်စွမ်း သိပ်ကိုကြီးမားတဲ့ လူတစ်ယောက်ပါ။
တစ်ဖက်သားအပေါ် ကြင်နာတတ်ပြီး ယုံကြည်ထိုက်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။
နှလုံးသားရေးနဲ့ ပတ်သက်ရင်တော့ ခံစားရမှာစိုးလို့ နှလုံးသားကို အသာလေး သော့ခတ် သိမ်းထားချင်သူပါ။
၃။ သင့်နှလုံးလမ်းကြောင်းက ပုံ (၃) မှာ ပြထားတဲ့အတိုင်းဆိုတော့
သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အပြင် ကိုယ့်ဘဝကို ဘယ်တော့မှ အလိုမကျ မဖြစ်တတ်သူတွေပါ။
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပြီး အကောင်းဆုံးရပ်တည်ဖို့ ကြိုးစားတယ်။
ဒါကြောင့် သူ့အတွက် ဘဝလက်တွဲဖော်ဆိုတာ ရှိလည်းဖြစ်မရှိလည်း ဖြစ်တယ်လို့ ပြောလို့ရပါတယ်။
၄။ ပုံ နံပတ် (၄) ကဲ့သို့သော နှလုံးလမ်းကြောင်းပိုင်ရှင်တွေကတော့
တစ်ဖက်လူအပေါ် သိပ်ကို ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေပါ။
သည်းခံတတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိပါဘူးအရာရာ အကောင်းမြင်စိတ်လေးနဲ့ ရှုမြင်တတ်ပြီး ပရဟိတစိတ်အပြည့်ရှိတဲ့ သူမျိုးပါ။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners