မိန်းကလေးတွေ သတိမထားပဲ ပြုလုပ်မိနေတဲ့ အမှားများ

မိန်းကလေးတွေ သတိမထားပဲ ပြုလုပ်မိနေတဲ့ အမှားများ

မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါ ဘူး။

အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။

(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း

မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါ တယ်။

အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှု ရှိတယ်လို့လည်း ခံစားရတာကြောင့် မပါ မဖြစ် လွယ်သွားတတ်ကြပါတယ်။

ဒါ ပေမဲ့ ဖြစ်လေ့ရှိတဲ့ အမှားတွေကတော့ အိတ်ထဲကို ပစ္စည်းပစ္စယအစုံ ထည့်လွယ် တာပါပဲ။

ခဏတစ်ဖြုတ် လွယ်တာက ကိစ္စမရှိပေမယ့် ကြာကြာ လွယ်ထားတာ က ပခုံးနဲ့ကျောရိုးကို နာကျင်စေပါတယ်။

ကြွက်သားတွေကိုလည်း အားနဲ့ဆွဲထား သလိုဖြစ်စေပြီး ကိုယ်အနေအထားလည်း မမှန်တာကြောင့် ကြွက်တက်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။

(၂) ဒေါက်မြင့် ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာဟာ မိမိ ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့ အပြင် ပွဲတိုး တယ်လို့ ခံစားရစေတာကြောင့် မိန်းက လေးတိုင်း စီးလေ့ရှိပါတယ်။

အနေတော် ဒေါက်အမြင့်က အရိုးအဆစ်တွေကို ထိခိုက်မှုသိပ်မဖြစ်ပေမယ့် ဒေါက်မြင့်ဖိနပ်တွေကတော့ ခြေထောက် သွေးကြော တွေကို ဖူးရောင်စေတာ၊ အရိုးအက်ကွဲ တာ၊ အရွတ်စုတ်ပြဲတာ၊ OA အဆစ် ရောင်ရောဂါနဲ့ ခြေထောက်၊ ခါးရိုးနဲ့ ပတ် သက်တဲ့ နောက်ဆက်တွဲ ဝေဒ နာတွေ ကို လည်း ခံစားရ တတ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာဟာ အမျိုး သားတွေသာ အများဆုံးပြုလုပ်လေ့ရှိပေ မယ့် ဆေးလိပ်သောက်တတ်တဲ့ အမျိုး သမီးတွေကိုလည်း လေ့လာချက်တွေပြု လုပ်ခဲ့ရာ ဟော်မုန်း မညီမျှမှုတွေ တွေ့ရ တဲ့အပြင် ကလေးမ ရနိုင်တာ၊ မီးဖွားတဲ့ အခါ ခက်ခဲတာတွေအပြင် အဆုတ်ကင် ဆာလည်းဖြစ်နိုင်တယ်လို့ တွေ့ရှိ ရပါတယ်။

(၄) ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို အချိန်ကြာကြာ ဝတ်ခြင်း

အရမ်းကျပ်တဲ့ဂျင်းဘောင်းဘီတွေ ကို အချိန်ကြာကြာဝတ်ထားတာကြောင့် ခြေထောက်ကြွက်တက်တာ၊ ထုံကျဉ်တာ၊ ဆီးအိတ်ရောဂါနဲ့ မိန်းမကိုယ်မှိုစွဲတဲ့ရော ဂါတွေကိုလည်း ခံစားရနိုင်တယ်လို့ သိရ ပါတယ်။


(၅) ပါတီပွဲများတွင် အသောက်အစားများခြင်း

ပါတီပွဲတွေ၊ ပျော်ပွဲရွင်ပွဲတွေမှာ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ အရက် သောက်တာ၊ စားစရာတွေ မဆင်မခြေ စားတာဟာ ကျန်းမာရေးကို ထိခိုက်စေ တဲ့ အကြောင်းအရာထဲက တစ်ခုပါပဲ။

Credit – အိဖြူ (ဆေးဝါးတက္ကသိုလ်)