သာသနာ့ဘောင်ကနေ လူဝတ်လဲလာပြီးမှ စိတ်မကောင်းဖြစ်တဲ့အကြောင်း ပြောပြလာတဲ့ အဆိုတော်မနော

သာသနာ့ဘောင်ကနေ လူဝတ်လဲလာပြီးမှ စိတ်မကောင်းဖြစ်တဲ့အကြောင်း ပြောပြလာတဲ့ အဆိုတော်မနော

ပရိသတ်ကြီးတို့ရေ…… ဗိုလ်အောင်ဒင်သီချင်းနဲ့ ကလေးနဲ့ လူကြီးတွေပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့တဲ့ အဆိုတော်မနောကတော့ အနုပညာတွေကို ဆက်လက်ဖန်တီးရင်း ပျော်ရွင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။

အဆိုတော် မနောကတော့ မြန်မာသံသီချင်းများကို သီဆိုလေ့ရှိပြီး ကိုယ်ပိုင်သီချင်းများနဲ့ အတွဲခွေများလည်း ထွက်ရှိထားသူဖြစ်တာကြောင့် ပရိသတ်ရဲ့ချစ်ခြင်းကို အခိုင်အမာရရှိထားသူဖြစ်ပါတယ်….

အဆိုတော် မနောက အနုပညာအလုပ်တွေကို ပုံမှန်လုပ်ကိုင်နေပြီး ကိုယ်ပိုင်စီးပွားရေးကိုလည်း အောင်မြင်အောင်လုပ်ဆောင်ရင်း အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါပဲ…အဆိုတော်မနောကတော့ အဆိုတော်ဘဝမရောက်လာခင်ထိ ငယ်စဉ်အရွယ်မှာ ကြိုးစားခဲ့ရပုံတွေနဲ့အတူ သူ့ရဲ့ ခံစားချက်အစ ပရိသတ်ကြီးသိအောင် ပြောပြတတ်သူ ဖြစ်ပါတယ်..

အဆိုတော်မနောကတော့အလှူအတန်းလည်းရက်ရောပြီးမကြာခဏဆိုသလိုလိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ အဆိုတော် မနောကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

မနောကတော့ ရဟန်းဝတ်နဲ့ (၁၅)ရက်တိတိ သာသနာ့ဘောင်ကိုမှာ တရားအားထုတ်ခဲ့ပြီး ဒီနေ့မှာတော့ လူဝတ်လဲကာသာသနာ့ဘောင်ကနေ ထွက်လာခဲ့ပါတယ်။ာသနာ့ဘောင်မှာ (၁၅)ရက်တာကာလ ဝင်ရောက်ပြီး ဒီနေ့မှာ လူဝတ်လဲထွက်လာခဲ့ကြောင်း “ငပိသည်အနားသွားတော့ ငပိနံ့ နံတယ်။ ပန်းသည်အနားရောက်တော့ မွှေးနေတာပေါ့။ သူတော်စင်အနားသွားတော့ အေးချမ်းတယ်။ အသိပညာရပြီး ကောင်းကံတွေပြုခွင့်ရတယ်။

ရဟန်း သောဘန ဘဝနဲ့( ၁၅)ရက်ဝတ်ခဲ့တယ်။ ခုတော့လည်းငပိသည်အနား ပြန်ရောက်လို့ ပန်းသည်အနားခဏခဏသွားချင်နေမိတယ်။” ဆိုပြီး ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မနောက နောက်ထပ်လည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့အတူ ရဟန်းဝတ်နဲ့သာသနာ့ဘောင်ကိုအတူတူဝင်ရောက်ချင်သေးကြောင်းလည်း “လိုက်ကြမလား မိတ်ဆွေတို့ရေ နောက်ထပ်ရဟန်းဝတ်ရအောင်ပေါ့”ဆိုပြီးတော့လည်း မိတ်ဆွေတွေကို အတူတူဝင်ရောက်ဖို့ ခေါ်ထားပါသေးတယ်။

Source – မေနာ Manaw