ခြင်မလာအောင်ပြောလို့စမ်းတာ တကယ်ဟုတ်နေတယ် သိတာတောင်နောက်ကျနေတာ

ခြင်မလာအောင်ပြောလို့စမ်းတာ တကယ်ဟုတ်နေတယ် သိတာတောင်နောက်ကျနေတာ

စပါးလင်ကို ဒီလိုလေးထားလိုက်တာ ခြင်တစ်ကောင်မှ မရှိတော့ပါ


သိတာတောင်နောက်ကျနေတာ

မီကာဇာ (မာကျူရီ)ဟိုတယ် ရေကူးကန်ဘေးမှာ စိုက်ထားတာတွေ့လို့မေးကြည့်တာခြင်မလာအောင်လို့ပြောလို့စမ်းတာ တကယ်ဟုတ်နေတယ်

ကျွန်တော်ဆေးဆရာ တယောက် မဟုတ်ပါဘူးခင်ဗျာ ..အားလုံးကို ကျန်းမာစေချင်တဲ့ စေတနာနဲ့ တွေ့သမျှဆေးနည်းတွေကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။

-တစ်ခြား ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်းနည်းလမ်းများ

နွေရာသီရောက်လာနဲ့အမျှ ညနေခင်းတွေဆို အပြင်မှာ လေညှင်းလေး ထွက်ခံရင်းနဲ့

အေးအေးဆေးဆေး အနားယူချင်ကြမှာပါ။ဒါပေမယ့် ခြင်ကိုက်တဲ့ဒဏ်ကို မခံနိုင်လို့ အိမ်ထဲမှာပဲနေနေရကြပါတယ်

ခြင်ကိုက်တဲ့အခါ ယားယံတာ၊ ယောင်ရမ်းတာတွေအပြင် များစွာသောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ခြင်မကိုက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူစားပါ

ကြက်သွန်ဖြူအနံ့ကို ခြင်တွေအပြင် တခြားအငး်ဆက်ပိုးမွှားတွေက မခံနိုင်ဘူးလို့ သိရပါတယ်။ဒါကြောင့် ကြက်သွန်ဖြူစားပေးခြင်းဖြင့်

သင့်ရဲ့ ခံတွင်းမှာ ကျန်နေတဲ့အနံ့ကြောင့် ခြင်တွေက သင့်အနားကို လာတော့မှာ မဟုတ်ပါဘူး။


(၂) ပန်းသီးရှာလကာ

ပန်းသီးရှာလကာရည်ကို ချဉ်တာမကြိုက်လျှင် ပျားရည်အနည်းငယ်ရောပြီး ရေတစ်ဖန်ခွက်နှင့် ဖျော်သောက်လိုက်ရင်

သင်သတိမထားမိခင်မှာ သင့်ခန္ဓာကိုယ်ကနေ အဲ့ဒီ့အနံ့ထွက်လာမှာပါ။သင်ကတော့

အဲ့ဒီ့အနံ့ကိုရမှာမဟုတ်ပေမယ့် ခြင်တွေကတော့ အနံ့ရတဲ့အတွက် သင့်ကိုကိုက်တော့မှာ မဟုတ်ပါဘူး။


(၃) သံပုရာနှင့်လေးညှင့်ပွင့်

သံပုရာကို တစ်ခြမ်းခြမ်းလိုက်ပြီး လေးညှင်းပွင့် (၆) ပွင့်ခန့်ကို စိုက်လိုက်ကာ

သင့်အနီးအနား ပတ်ဝန်းကျင်မှာ ထားလိုက်ရုံပါပဲ။ခြင်တွေ လုံးဝမလာတော့ပါဘူးနော်။

Myanmar News