
Dashrath Manjhi ဆိုတဲ့ အမျိုးသားဟာ လူအများက မဖြစ်နိုင်တဲ့ အရာကို လုပ်ခဲ့လို့ သူ့ကို အရူးလို့တောင် လှောင်ပြောင်ခံခဲ့ရပါတယ်။
သူဟာ ဘာစက်ယန္တရားမှ မပါဘဲ လက်လုပ် ပစ္စည်းတွေနဲ့ ၂၂ နှစ်လုံးလုံး ကျောက်တောင်ကိုဖြိုပြီး
လမ်းဖောက်လုပ်ခဲ့လို့ပဲဖြစ်ပါတယ်။အန္ဒိယနိုင်ငံ တောင်ပိုင်း Bihar ပြည်နယ် Gehlour ဆိုတဲ့ မြို့လေးမှာ ဇာတ်မဲ့လူမျိုးတွေ အများအပြားနေထိုင်ပါတယ်။
အန္ဒိယမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားတဲ့ အစဉ်အလာရှိခဲ့ပြီး
ယခုအချိန်ထိလည်း လူတန်းစား ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။
ဇာတ်နိမ့်၊ ဇာတ်မြင့်ပေါ် မူတည်ပြီး အကျိုးခံစားခွင့်၊ အခွင့်အရေးတွေက မတူပါဘူး။
ဒါပေမဲ့ Dashrath Manjhi ကတော့ ဇာတ်မဲ့သူတစ်ယောက်ဖြစ်ပါတယ်။
မျိုးရိုးမရှိတဲ့ လူတန်းစားတစ်ဦးဖြစ်တာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာ နေရပြီး သူတို့နေထိုင်တဲ့နေရာမှာ ဆေးရုံ၊ ကျောင်း၊
လျှပ်စစ်မီးစတဲ့ အခြေခံလိုအပ်ချက်တွေ မရှိပါဘူး။ မြို့နဲ့ သူတို့နေထိုင်ရာ ရွာကြားမှာ ကျောက်တောင်တွေ ခြားထားပြီး သွားလာရ ခက်ခဲပါတယ်။
အဲ့ဒီအချိန်မှာ ဇနှီးသည် နေမကောင်းဖြစ်ပြီး ဆေးရုံကို အချိန်မှီမပို့လိုက်နိုင်တာကြောင့်
မသေဆုံးသင့်ပဲသေဆုံးခဲ့ရပါတယ်။
မြို့နဲ့ ရွာကို ၇၀ မီတာလောက် ဝေးကွာတာကြောင့် ဆေးကုသမှု အချိန်မှီမခံယူလိုက်နိုင်ဘဲ သေဆုံးသွားတဲ့ ဇနီးသည်အတွက် ရင်ကျိုးမရဖြစ်ခဲ့ရပါတယ်။
ဒါ့ကြောင့် Dashrath Manjhi ဟာ မိမိမှာရှိတဲ့ ဆိတ်သုံးကောင်ကို ရောင်းချပြီး တောင်ကို ထွင်းထုဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်လိုက်ပါတယ်။
အဲ့ဒီနောက်သူဟာ ၁၉၆၀ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်ထိ
၂၂နှစ်လုံးလုံး အလုပ်အားတဲ့ညနေဘက်နဲ့ ညဘက်တွေမှာ ဒီတောင်ကို ထွင်းထုပါတယ်။
မာကျောတဲ့ ကျောက်တုံးတွေ အလွယ်တကူထွင်းထုနိုင်ဖို့အတွက် ကျောက်တုံးတွေပေါ်မှာ မီးရှို့ချလိုက်ပြီး
ထိုကျောက်သားအပေါ် ရေထပ်ဖြန်းချလိုက်ပါတယ်။ ထိုအခါ ကျောက်သားတွေ အက်လာပြီး အလွယ်တကူ ထွင်းထုနိုင်ခဲ့ပါတယ်။
နောက်ဆုံးတော့ သူဟာ အမြင့် ၂၅ပေရှိတဲ့ ကျောက်တောင်ကြီးကို
ဖြိုဖျက်ပြီး အကျယ် ပေ ၃၀၊ အရှည် ပေ ၃၆၀ ရှိတဲ့ လမ်းကို ဖောက်လုပ်နိုင်ခဲ့ပါတယ်။
ကျောက်တောင်ကို ဖောက်ထွင်းလိုက်တဲ့ Dashrath Manjhi လမ်းဟာ မြို့နဲ့ ယခင်ကထက်တော့ ပိုးပြီးနီးသွားခဲ့ပါတယ်။
သူဖောက်ခဲ့တဲ့လမ်းအတွက် နိုင်ငံတော်က အသိအမှတ်ပြု ချီးကျူးခြင်းကို ခံရပြီး
အများပြည်သူတွေကလည်း “တောင်လူသား” ဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။
ဒါ့အပြင့် Dashrath Manjhi ဟာ
မိမိတို့နေထိုင်တဲ့ ရွာလေးအတွက် အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အစိုးရထံ အသနားခံစာ တင်ခဲ့ပါတယ်။
Dashrath Manjhi ဟာ သူပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကို အပြည့်အဝ မခံစားလိုက်ရဘဲ
၂၀၀၇ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဇနီးသည်အပေါ်ချစ်တဲ့စိတ်ကြောင့် နောင်လာနောင်သားတွေအတွက်၊ ရပ်ရွာအတွက်အများကြီး အကျိုးပြုပေးသွားတာတော့ တကယ့်ကိုလေးစားချင်စရာကောင်းပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners