သခင်ဖြစ်သူမှ မွေးနေ့ပွဲလေးကျင်းပပေးခဲ့သောကြောင့် မွေးနေ့ကိတ်လေး၏အရှေ့တွင် မျက်ရည်တွေနဲ့ငိုယိုနေခဲ့သည့် ခွေးကလေး

နူးညံံ့သော နှလုံးသားပိုင်ရှင် လူသားတို့သည်

မိမိမွေးမြူထားသော တိရိစ္ဆာန်လေးတွေကို မိသားစုဝင် သားသမီး မောင်နှမများအနေဖြင့် သဘောထားကာ ပြုစုစောင့်ရှောက်တတ်ကြပါတယ်။

ယခုတွင်လည်း လူတစ်ဦး၏ ဖေ့ဘွတ်စာမျက်နှာတွင် ဝေမျှလာသော ဓာတ်ပုံလေးများသည် လူသားတိုင်း၏ နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါတယ်။


ခွေးကလေးတစ်ကောင်ကို မွေးမြူထားသည့် သခင်ဖြစ်သူတစ်ဦးဟာ ခွေးကလေးအတွက် မွေးနေ့ကိတ်ကလေးကို ပြင်ဆင်ပြီး မွေးနေ့ပွဲလေးကျင်ပပေးခဲ့ပါတယ်။

ထိုအခါ ခွေးကလေးဟာ သိနားလည်သည့်ပုံစံဖြင့် မွေးနေ့ကိတ်ကလေး၏ရှေ့တွင်ထိုင်ပြီး မျက်ရည်များဖြင့် ငိုနေခဲ့ပါတယ်။


ခွေးကလေး၏ ပုံစံလေးဟာ တွေ့ရှိတိုင်းကို ဝမ်းနည်းစေခဲ့ရပြီး ခွေးကလေးဘယ်လိုခံစားသွားခဲ့ရလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners