နာရီဝက် အတွင်း မျက်နှာ လေး ကြည်လင်ချောမွေ့စေမယ့်နည်

နာရီဝက် အတွင်း မျက်နှာ လေး ကြည်လင်ချောမွေ့စေမယ့်နည်း

မျက်နှာ လေး ကြည်လင်ချောမွေ့နေရင်ကိုပဲ စိတ်ထဲ ကျေနပ်နေမိတယ်ဆိုတာ အသားအရေ ကို ဂရုစိုက်တတ်သူတွေပဲ နားလည်မိမှာပါ။ ဖြူဖွေးချောမွေ့တဲ့ မျက်နှာပိုင်ရှင် ဖြစ်ဖို့အတွက် ဆိုင်မှာသွားပြီး ပေါင်းတင်ဖို့ရာ အချိန်မပေးနိုင်သေးဘူးဆိုရင်တော့ ကိုယ်တိုင်ပဲ အိမ်မှာ ပြုလုပ်နိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ပျားရည် အရင် ရှာထားလိုက်ပါ။

ခွက်တစ်ခုထဲမှာ ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်းကို သကြား ထမင်းစားဇွန်း ၁ ဇွန်း ပေါင်းထည့်ပြီး သမအောင်မွှေပါ။ သကြား တွေ ပျော်ဝင်ပြီဆိုမှ သံပရာရည် ၃ စက် လောက် ညှစ်ထည့်ရမှာဖြစ်ပါတယ်။ သံပုရာသီး မရှိရင် သံပရိုသီး သုံးလည်း ရပါတယ်။

ဒါဆိုရင် ပေါင်းတင်ဖို့အတွက် အသင့်ဖြစ်ပါပြီ။ မျက်နှာ ကို သစ်ထားပါ။ ရေခြောက်အောင် သုတ်ပြီးမှ စောနက ပြုလုပ်ထားတဲ့ ပေါင်းတင်ရမယ့်အနှစ်ကို မျက်နှာ ပေါ်ကို စုတ်တံလေးနဲ့ လိမ်းပေးရမှာဖြစ်ပါတယ်။

မျက်နှာ တစ်ပြင်လုံး လိမ်းပေးလို့ရပါတယ်။ အနည်းဆုံး မိနစ် ၂၀ မှ မိနစ် ၄၀ အထိ ထားပြီးရင် မျက်နှာ သစ်လိုက်လို့ရပါပြီ။ မျက်နှာ သစ်တဲ့အခါ အသာအယာ ပွတ်သပ်ပြီး ဆေးကြောပေးရမှာဖြစ်ပါတယ်။ ပျားရည် ရဲ့ အသားအရေ ကို ကြည်လင်စိုပြေတဲ့အစွမ်း၊ သံပရာသီး နဲ သကြား ရဲ့ မျက်နှာ ပေါ်က အညစ်အကြေး တွေ ဖယ်ရှားတဲ့ ဂုဏ်သတ္တိ တွေက သင့် မျက်နှာ အသားအရေ ကို အထူးပဲ ကောင်းမွန်စေတာကို ချက်ချင်းခံစားရပါလိမ့်မယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners