ကိုယ့်အတိုင်းအဆနဲ့ကိုယ် ပုံမှန်ကြိုးစားနေပါ အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်

အိုဘားမားက အသက်၅၅နှစ်မှာ အနားယူတယ်၊

ဒေါ်နယ်ထရမ့်ပ်က အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။ဘန်ကောက်က စင်ကာပူထက် တစ်နာရီပိုစောတယ်၊

ဒါပေမယ့် ဘန်ကောက်တစ်နေ့တာနဲ့ စင်ကာပူတစ်နေ့တာဟာ ကြာချိန်ချင်းတော့ အတူတူပါပဲဘန်ကောက်က ပိုမမြန်သလို စင်ကာပူက ပိုမနှေးပါဘူး


တချို့က အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်၊ ဒါပေမယ့် ဘဝအာမခံချက်ရှိတဲ့ အလုပ်မျိုးရဖို့ ၅နှစ်လောက် အချိန်ယူနေရတယ်၊တချို့က အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လတယ်၊

အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော၊တချို့ကျတော့ အသက်၅၀ကျမှ CEOနေရာရောက်တယ်၊ ပြီးတော့အသက်၉၀ လောက် ထိ နေသွားရတယ်၊တကယ်တော့

ကမ္ဘာပေါ်က လူတစ်ဦးချင်းစီဟာ သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကို အခြေခံပြီး အလုပ်လုပ်နေကြတာပါ

ဥပမာ-

ကျွန်တော်အခု ဒီစာကိုရေးနေတဲ့အချိန်က သောကြာနေ့ နေ့လယ်၁၁နာရီဝန်းကျင်…

ကျွန်တော်ရုံးတက်နေရတယ်၊ဒါပေမယ့် လော့စ်အိန်ဂျလိစ်က ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့ ကြာသပတေးနေ့ ည၁၀နာရီဝန်းကျင်..သူဘီယာသောက်ရင်သောက်နေမှာပေါ့၊

ကျွန်တော်တို့အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို တစ်ချက်ပြန်ကြည့်ရင် လူတချို့က ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်၊ တချို့ကတော့ ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး ခံစားရပါလိမ့်မယ်၊

ဒါပေမယ့် တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း ပြေးနေကြတာပါ၊ တစ်ယောက်နဲ့တစ်ယောက် ပြေးလမ်းချင်းမတူကြဘူး၊ ပိုအရေးကြီးတာက တာထွက်ချိန်ချင်းမတူကြတာပဲ။

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့် ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ၊ နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ အားကျစရာ၊ မနာလိုစရာ၊ အထင် သေးစရာမလိုပါဘူး၊

သူဘယ်နေရာကစပြီးတာထွက်တယ်၊ ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ ကျွန်တော်တို့သိနိုင်ကြလို့လား၊သူတို့က သူတို့ Time Zoneကို အခြေခံပြီး အလုပ်လုပ်တယ်၊ကျွန်တော်တို့က

ကျွန်တော်တို့ Time Zoneကို အခြေခံပြီး အလုပ်လုပ်တယ်၊အရေးကြီးတာက ကိုယ့်အတိုင်းအဆနဲ့ကိုယ် ပုံမှန်ကြိုးစားနေဖို့ပါပဲ၊အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်၊

အဲဒါကြောင့် စိတ်အေးအေးထားပါ၊ကျွန်တော်တို့ ကြိုရောက်မနေဘူး၊ဒီလိုပဲ ကျွန်တော်တို့ နောက်ကျမနေဘူး၊အချိန်မှန်လေး၊ အချိန်မီလေး ရောက်မှာပါ။

Credit #TopBiz_Promote_Your_Brand