
ဒီတစ်ဘဝလုံးစာအတွက် လိုက်နာကျင့်သုံးသင့်တဲ့ အချက် (၁၈)ချက်…
(၁) လူတွေကို သူတို့ မျှော်လင့်ထားတာထက် ပိုပေးပါ။ ဝမ်းမြောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ..။
(၂) သင်နဲ့စကားပြောရတာ အဆင်ပြေတဲ့သူမျိုးကို လက်ထပ်ယူပါ။ အသက်ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့ အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ် …။
(၃) ကြားသမျှကို အကုန်မယုံပါနဲ့။ ရှိသမျှအကုန် မသုံးပါနဲ့။ အိပ်ချင်သလောက် အကုန်မအိပ်လိုက်ပါနဲ့ …။
(၄) “ချစ်တယ်” ဆိုတဲ့စကားကို နားလည်ခံစားပြီးမှသာ ပြောပါ …။
(၅) “တောင်းပန်ပါတယ်” ဆိုတဲ့စကားကို ပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ပြောပါ …။
(၆) လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ …။
(၇) အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ချင်းပြန်ပြင်ပါ …။
(၈) တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပြက်ရယ်မပြုပါနဲ့။ စိတ်ကူးအိပ်မက်မရှိတဲ့သူမျိုးက သိပ်များများစားစားမရှိပါဘူး …။
(၉) နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ။ ဒီလိုချစ်လို့ သင်နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ် …။
(၁၀) အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတ ဆွေးနွေးငြင်းခုန်ပါ။ နာမည်တွေခေါ်ပြီး ပြောဆိုတဲ့ အခြေအနေမျိုး မရောက်ပါစေနဲ့ ….
(၁၁) ဆွေမျိုး အသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့ …။
(၁၂) မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ …။
(၁၃) သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် “ဘာကြောင့် ဒါကိုသိချင်ရတာလဲ….” လို့ ပြုံးပြီး ပြန်မေးလိုက်ပါ …။
(၁၄) ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေ ပါဝင်နေတယ်ဆိုတာကို သတိရပါ …။
(၁၅) တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့ …။
(၁၆) ကိုယ့်ကိုယ်ကို လေးစားပါ… တခြားသူတွေကို လေးစားပါ… ကိုယ်လုပ်ခဲ့သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ …။
(၁၇) ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အထိအခိုက်မခံပါနဲ့ …။
(၁၈) တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ …။
Credit – Kyaw Aye