
သေချာဖတ်ကြည့်မျက်ရည်ပါဝဲတယ်အဖေဆိုတာသရက်ပင်ပေါ်ကိုတတ်တော့မဲ့သားကို
အဖေဖြစ်သူကနေဦးသားဖယ်ဖယ် အဖေတက်မယ်ဘာလို့လဲအဖေရသားတက်ပါမယ်နေပါ
ကွာဒီအပင်ရဲ့အကြောင်းကိုမင်းဘာမှသိတာမဟုတ်ဘူးရယ်ကျွန်တော့်စိတ်ထဲ
ဇဝေဇဝါဖြစ်သွားသည်အဖေဘာကိုဆိုလိုတာလဲဒီအပင်မှာကျွန်တော်မသိနိုင်တဲ့ဘာအကြောင်းတွေများ
ရှိနေလို့လဲကျွန်တော်ဇဝေဇဝါနဲ့တွေးနေတုန်းမှာပဲအဖေကသရက်ပင်ကြီးပေါ်ကိုလူငယ်လေးတစ်ယောက်လို
တက်သွားခဲ့တယ်တကယ်တော့ကျွန်တော့်အဖေရဲ့အသက်က၆၈နှစ်ဟုတ်
တယ်တကယ်ဆိုဒီအသက်ဒီအရွယ်မှာဒီလိုမျိုးအပင်မြင့်မြင့်ပေါ်ကိုမတက်သင့်တော့ဘူးလေ
တစ်ခါတစ်ရံသားအဖနှစ်ယောက်စကားပြောချိန်မှာရေနွေးကြမ်းငှဲ့တိုင်းအဖေ့ရဲ့လက်
တွေတုန်နေတတ်တာကျွန်တော်သိနေတာပဲအပင်ပေါ်တက်သွားတဲ့အဖေကို
အောက်ကနေကြည့်နေရင်းကဖြစ်မှဖြစ်ပါ့မလားလို့အတွေးတစ်စကခေါင်းထဲဝင်လာမိတယ်အဖေဖြစ်ပါ့မ
လားရပါတယ်ကွမင်းအောက်ကနေပဲလိုက်ကောက်တကယ်တော့
မနက်ဖြန်ပြန်တော့မယ့်ကျွန်တော့်အတွက်လက်ဆောင်ထည့်ပေးဖို့သူကိုယ်တိုင်စိုက်ထားတဲ့သရက်ပင်တွေကနေ
သရက်သီးတွေကိုတက်ခူးနေတာပါကျွန်တော်ဘာမှပြောမနေတော့ပဲ
အဖေခူးချလိုက်တဲ့သရက်သီးတွေကိုတစ်လုံးချင်းတစ်လုံးချင်းလိုက်ကောက်နေခဲ့လိုက်မိတယ်အလုံးခြောက်
ဆယ်ကျော်ခုနှစ်ဆယ်လောက်ရှိတော့အဖေ့ကိုအပင်ပေါ်က
ဆင်းဖို့မနဲပြောရတယ်တော်ပြီလားသားရမင်းတပည့်တွေကအများကြီးပဲဟာလောက်ပါ့မလားလောက်ပါပြီအဖေရဆင်းခဲ့
တော့ဒီတော့မှအဖေကအပင်ပေါ်ကနေတဖြည်းဖြည်းပြန်ဆင်းလာခဲ့တယ်
တက်တုန်းကမြန်သလောက်ပြန်ဆင်းချိန်မှာအရမ်းသတိထားပြီးဆင်းနေတာကို ကျွန်တော်သတိထားမိတယ်
သြော်ကျွန်တော့်အဖေအတော်ကြီးကိုအိုစာနေပီလေဖြေးဖြေးဆင်းနော်
အဖေကျွန်တော့်ကိုစကားတောင်ကောင်းကောင်းပြန်မပြောနိုင်တော့အောက်ရောက်တော့အရမ်းကိုမောနေပြီအဖေ
မောနေတာကိုကြည့်ရင်းဇဝေဇဝါဖြစ်နေတဲ့ဒီအပင်ရဲ့အကြောင်းကိုမေးကြည့်မိသည်
အဲဒါကြောင့်ပြောတာကျွန်တော်တက်ပါမယ်ဆိုတာကိုဒါနဲ့အဖေဒီအပင်မှာရုက္ခစိုးတွေဘာတွေ
ရှိနေလို့လားဘာထူးခြားတာရှိလို့မတက်ခိုင်းတာလဲမောနေတဲ့ကြားကအဖေကပြုံးပြီးပြန်ဖြေတယ်
ဘာမှမရှိပါဘူးကွာသားကအလုပ်နဲ့အကိုင်နဲ့အေဖေကဘာအလုပ်မှလုပ်တော့တာ
မဟုတ်ဘူးမို့လားအဲဒီတော့ဘာဖြစ်လဲ အဖေရဘာဖြစ်ရမှာလဲငါ့သားရတကယ်လို့အပင်ပေါ်ကပြုတ်ကျတာချင်းတူရင်
အဖေကဘာမှအလုပ်ပျက်အကိုင်ပျက်ဖြစ်စရာမရှိဘူးငါ့သား
ပြုတ်ကျခဲ့ရင်အလုပ်ပျက်အကိုင်ပျက်ဖြစ်မယ်မင်းဝင်ငွေမရှိတော့ရင်
မင်းမိသားစုအခက်အခဲဖြစ်သွားမှာပေါဒီထက်ပိုပြီးအရေးကြီးတာကတကယ်လို့ပြုတ်ကျပြီးအသက်ဆုံးရှုံးတာ
ချင်းတူရင်အဖေ့ရဲ့သားတွေသမီးတွေအားလုံးကလူလားမြောက်ပြီးပြီအဖေစောင့်ရှောက်ပေးနေဖို့မလိုတော့ဘူ
းအားလုံးကကိုယ့်ဘဝကိုယ်ရပ်တည်နေနိုင်ကြပြီးပြငါ့သားမှာကလူလားမ
မြောက်သေးတဲ့သားနဲ့သမီးရှိသေးတယ်ဒီတော့ငါ့သား
အသက်ဆုံးရှုံးလို့မဖြစ်သေးဘူးအဲဒါကြောင့်အဖေပဲတက်မယ်လို့ပြောတာဘာပြန်ပြောရမှန်းမသိအောင်ကျွန်တော်ဆွံ့အနေ
ခဲ့မိတယ်ကျွန်တော့်ရဲ့မျက်ဝန်းထဲမှာဘယ်အချိန်ကနေရာယူလိုက်မှန်းမသိတဲ့မျက်ရည်အချို့ဝေ့ဝဲလာရင်း
အဖေကိုပြေးဖက်မိတယ်ကျွန်တော်သိလိုက်တယ်အဖေဟာကျွန်တော်တို့
သားသမီးတွေနဲ့ပတ်သက်လာရင်သားသမီးတင်မဟုတ်ပဲသားသမီးတွေရဲ့
မိသားစုအတွက်ကိုပါပေးဆပ်ရဲသူတစ်ယောက်ဆိုတာကိုလေအဖေတွေရဲ့စေတနာ၊
သားသမီးအိပ်ပျော်မှတိတ်တဆိတ်ခိုးနမ်းတတ်တဲ့ဖခင်ရဲမေတ္တာတရားများအားတန်ဖိုးထားလေးစားနိုင်ပါစေ
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners