
ဂုံမင်းပင်၏ အံ့ဖွယ် ဆေးဖက်ဝင် အစွမ်းများ
ဂုံမင်းပင် နှင့် ကျန်းမာရေး
Close
(၁) ခံံတွင်းပျက်၍ စားမကောင်း၊ သောက်မကောင်းဖြစ်ခြင်းအတွက်၊ ဂုံမင်းပင်၏ အမြစ်ကို ဆား နှင့်သွေးပြီး လျှာရင်းအထိ နှိုက်၍ ပွတ်လိမ်းပေးခြင်းဖြင့် ခံတွင်းလိုက်လာပြီး ပြန်လည်၍ စားသောက်ကောင်းလာစေပါတယ်။
(၂) ဂုံမင်းသီးကို သနပ်ခါးတုံးနှင့်အတူ ရောသွေး၍ လိမ်းပေးခြင်းဖြင့် မျက်နှာပေါ်က ဝက်ခြံများကို ပျောက်စေပါတယ်။ အရေ ပြားပေါ် ကြက်ဖင်ပေါက်ခြင်း၊ ပြုတ်ထခြင်း နှင့် အသားအရေကြမ်းထော်ခြင်းတို့အတွက်ကိုလည်း ဤနည်းအတိုင်း လိမ်းပေး ခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၃) ဂုံမင်းသီး နှင့် တောင်နံကြီးကို သွေး၍ ရင်ဘတ်ကိုလိမ်းပေးပါက အဆုတ်ရောင်ရောဂါကို သက်သာစေပါတယ်။
(၄) ဂုံမင်းပင်၏ အမြစ်ရင့်ရင့် ၂၅ ကျပ်သားကို ထောင်း၍ ဆန်ဆေးရည် တစ်ပိဿာဖြင့် အိုးသစ်တစ်လုံးတွင်စိမ်ပြီး၊ ထန်းလျက် ၁၀ ကျပ်သားကို ထုခြေ၍ ထည့်ပါ။ စမုန်မျိုးငါးပါး ၄ ပဲသားစီကို အဝတ်ဖြင့်ထုပ်၍ ၎င်းစိမ်ရည်အိုးထဲသို့ ထည့်ပါ။ ပြီးရင် ၎င်း စိမ်ရည်အိုးကို လုံအောင်ပိတ်ပြီး မြေကြီးမှာ ကျင်းတူး၍ သုံးရက်မြှုပ်ထားပါ။ သုံးရက်ကျော်ရင် အိုးကိုပြန်ဖော်ပါ။ ရရှိလာသော ဆေးစိမ်ရည်ကို လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှင့် တစ်ခေါက်သောက် တစ်လုံး နံက်အိပ်ယာထ တစ်ခါ၊ ညအိပ်ယာဝင် တစ်ခါ သောက်ပေးပါ။ ထိုသို့သောက်ပေးခြင်းဖြင့် –
မီးယပ်သွေးဆုံးရောဂါ၊တုပ်ကွေးဖျား၊ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန်ရှိစမှာ ခံစားရလေ့ရှိတဲ့ အော့အန်ခြင်း၊ တံတွေးတပျစ်ပျစ်ထွေး ရခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။
(၅) ဝဲရောဂါ၊ နှင်းခူ၊ ရေယုန်၊ ပွေး၊ ညှင်း၊ တင်းတိပ်များအတွက် ဂုံမင်းသီး နှင့် နန်းလုံးကြိုင်တို့ကို အလေးချိန်ဆတူရောစပ်၍ မီးကျွမ်းအောင်ဖုတ်ပြီး နှမ်းဆီစစ်စစ်ဖြင့် သမအောင်နယ်ပါ။ ရလာသောဆေးကို ကော်ဖီဇွန်း နှစ်ဇွန်းခန့်ဖျော်၍ အရေပြားပေါ် လိမ်းပေးခြင်းဖြင့် ဝေဒနများ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဂုံမင်း ဟင်းလျာများ။
ဂုံမင်းပင်၏ အပေါ်ယံအခွံကြမ်းများကို ခွာ၍ အလိုရှိသလို စားသုံးနိုင်ပါတယ်။ တချို့က ဂုံမင်းကိုပြုတ်ကာ ငပိရည်အတို့အမြှုပ်အဖြစ်စားကြသလို၊ တချို့ကလည်း ချဉ်ပတ်စိမ်၍ စားကြပါတယ်။
ဂုံမင်းကို အလိုရှိသလောက် ပိုင်းဖြတ်ကာ ငရုတ်ကျည်ပွေ့ဖြင့်အသာထု၍ ကြက်သွန်ဖြူ၊ ငရုပ်ကောင်းခတ်ကာ မိုးရာသီအေးအေးမှာဟင်းခါး၊ဟင်းချိုချက်သောက်လေ့ရှိကြပါတယ်။
ဂုံမင်းကိုဓားဖြင့်စိပ်၍ ငါး၊ ပုစွန်တို့ဖြင့် ချက်၍စားနိုင်ပါတယ်။ ဂုံမင်းပင်အမြစ်ကို ပြုတ်ပြီး မျှစ်ကဲ့သို့ထွင်၍ သား၊ ငါး၊ ပုစွန်တို့ဖြင့် ကြော်၍လည်းစားသောက်ကြပါတယ်။
ဂုံမင်း၏ ချိုပူရှ သုံးမျိုးပေါင်းအရသာကခံတွင်းမြိန်နှုတ်မြိန်စေတာကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဂုံမင်းကိုမိုးရာသီရောက်တဲ့အခါ စားသုံးနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။ဆောင်းပါးရှင်…ပေါက်ပေါက်။
‘ဂုံမင်းပင်ဆေးစွမ်းအင်’
စားသုံးပင် ဆေးဖက်ဝင်အဖြစ် ဆေးကျမ်းများတွင်ပြဋ္ဌာန်းထားသည်။ဂုံံမင်း၏ရုက္ခဗေဒအမည်မှာ AMOMUM CORRYNOSTACHYUM ,ROXO ဖြစ်သည်။
ဂုံမင်းပင်အခွံရင့်များကို နွှာပြီး အတွင်းသားနုနုလေးများကို စားချင့်စဖွယ်နည်းမျိုးစုံဖြင့်စားသုံးကြပါသည်။အချို့ကဟင်းချိုအဖြစ်ကြိုက်နှစ်သက်ကြသည်။
ဂုံမင်းကိုငါးခူ ၊ ငါးရံ့တို့နှင့် ချဉ်ရည်ဟင်းချက်စားနိုင်သည်။ပြုတ်၍ငါးပိရည်ဖြင့် အတု့ိအမြုပ်စားသုံးကြ၏။ငါးကျည်းခြောက် ၊ပုဇွန်ခြောက်တို့နှင့် ကြော်စားကြသည်။
ဂုံမင်းပင်သည်ထမင်းမြိန်ခြင်းနှင့်ခံတွင်းအရသာဆောင်သဖြင့်ခံတွင်းပျက်လျှင်အခွံကြမ်းများကိုနွှာပြီးဓားဖြင့်စိတ်ဖြာ၍ငါး ၊ ပုဇွန်တု့ိဖြင့်ချက်စားကြသည်။
ငါးမြင်း၊ငါးတန်တို့နှင့်လည်းချက်စားနိုင်သည်။
ဂုံမင်းအစိမ်းကိုသော်လည်းကောင်း ၊ ပြုတ်၍သော်လည်းကောင်း အပေါ်ယံအကြေးခွံများနွှာပစ်ပြီးငါးကျည်းခြောက် ၊ ပုဇွန်ခြောက်တို့နှင့်လက်သုပ်သုပ်၍ထမင်းနှင့်စားခြင်း၊လက်ဖက်ရည်ကြမ်းနှင့်သောက်လေ့ရှိကြသည်။
ဂုံမင်းပင်ကိုချဉ်ဖတ်ထည့်၍တို့စားခြင်း ၊ သနပ်လုပ်စားခြင်း ၊ဟင်းချိုဟင်းခါးချက်သောက်ခြင်းများရှိကြသည်။အနုကလေးများကို ဓားပြားရိုက်ပြီး ဖြတ်တောက်၍ဖားကင် ၊ကြွက်ကင်နှင့်အကြော်များတွင်ထည့်သွင်းကြော်စားလေ့ရှိကြသည်။
ခံတွင်းပျက်ခြင်း
ဂုံမင်းသည်အစားအစာအဖြစ် အသုံးဝင်သလို ကျန်းမာရေးအတွက်ဆေးတစ်ခွက်အဖြစ် အသုံးပြုနိုင်သည်။ခံတွင်းပျက်၍စားသောက်မကောင်း ၊
အရသာပျက်နေလျှင် ဂုံမင်းမြစ်ကို အိမ်သုံးဆားအနည်းငယ်နှင့် သွေး၍အရည်ကိုလျှာအရင်းထိနှိုက်ကာ ပွတ်ပေးခြင်းဖြင့် စားကောင်း၍ခံတွင်းမြိန်စေပါမည်။
အရေပြားရောဂါ
ဂုံမင်းအသီး ၊နှမ်းလုံးကြိုင်အသီး တို့ကိုဆတူယူ၍ကျွမ်းအောင်မီးဖုတ်၍ နှမ်းဆီနှင့်ဖျော်ကာ ပုလင်းဖြင့်ထည့်ထားပါ။ဝဲနာ ၊ခူနာ ၊နှင်းခူ ၊ရေယုန် ၊
ရောင်သောအနာ ၊ကူးစက်နာများ ၊ ဖျဉ်းစွဲရောဂါ ၊ ပွေးရောဂါ ၊တင်းတိတ်ညှင်းစသည်တို့ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးနိုင်ပါသည်။
စွယ်စုံရ ဂုံမင်းမြစ် စိမ်ဆေးရည်
ဂုံမင်းအမြစ်ရင့်ရင့် ၂၅ကျပ်သားကို ထုထောင်း၍ဆန်ဆေးရည်တစ်ပိဿာဖြင့်အိုးသစ်တစ်လုံးတွင်စိမ်ပါ။
ထန်းလျက်၁၀ ကျပ်သားကိုထုခြေ၍စမုန်မျိုးငါးပါးကိုလေးပဲသားစီအဝတ်ဖြင့်ထုတ်၍စိမ်ရေတွင်ထည့်ထားပါ။
ထို့နောက်လုံစွာပိတ်၍ မြေကြီးတွင် သုံးရက်ခန့်မြုပ်ထားပါ။သုံးရက်ပြည့်လျှင်ဖော်ပြီးယင်းစိမ်ရည်ကို အကြမ်းပန်းကန်တစ်လုံးဖြင့် တစ်နေ့နှစ်ကြိမ် နံက်တစ်ကြိမ် ညတစ်ကြိမ်သောက်ပေးပါ။
အကျိုးသွား။ ။ကိုယ်ဝန်ရှိစအော့အန်ခြင်း ၊မီးယပ်သွေးဆုံးရောဂါ ၊နှလုံးရောဂါ ၊တံထွေး တပျစ်ပျစ်ထွေးနေရခြင်း ၊တုပ်ကွေဖျား ၊ဆုံဆို့နာ ၊ကာမစိတ် ကုန်ခမ်းသောရောဂါ ၊
ကိုယ်လက်နွမ်းလျသောရောဂါ ၊သားအိမ်လျောကျရောဂါ ၊ အင်္ဂါဇာတ်နှင့်ပတ်သက်သောရောဂါ ၊ အသည်းနှင့်ပတ်သက်သောရောဂါ ၊ အူသိမ် ၊အူမနှင့်ပတ်သက်သောရောဂါ ၊ကျောက်ကပ်တို့
တွင်ဖြစ်တတ်သောရောဂါများကို ကာကွယ်ချမ်းသာစေ၍ အိပ်ပျော် စားဝင် ကျန်းမာစေသည်။
အသက်ရှုလမ်းကြောင်းရောဂါများ
ဂုံမင်းအမြစ်ကိုသံပုရာရည်နှင့်ဆားအနည်းငယ်ထည့်ကာ တစ်နေ့သုံးကြိမ်လျက်ဆားကဲ့သို့အသုံးပြုခြင်းဖြင့် အောက်ပါဝေဒနာများကို ပျောက်ကင်းစေသည်။
အသံဝင်ခြင်း ၊ ချောက်းဆိုးခြင်း ၊လည်ချောင်းနာခြင်း ၊ သလိပ်ပွခြင်း ၊လေပူထခြင်း တို့ကိုလက်ဖက်စားဇွန်းတစ်ဇွန်းသောက်ပေးနိုင်သည်။ရင်ပြည့်ခြင်း ၊ရင်ကယ်ခြင်း ၊လေထိုးလေအောင့်ခြင်း ၊
ဝမ်းဖောဝမ်းရောင်ခြင်း ၊ဝမ်းထဲရစ်နာခြင်း ၊ဝမ်းပျက်ရောဂါ ၊ငှက်ဖျားရောဂါတို့ကိုလည်းသက်သာပျောက်ကင်းချမ်းသာစေသည်။
ကလေးသူငယ်ဆိုင်ရာရောဂါများ
ဂုံမင်းသတ္တုရည်နှင့်ကြက်သွန်ဖြူသတ္တုရည်ကို ဆေးတစ်ခွက်စာလက်ဖက်စားဇွန်းတစ်ဇွန်းတစ်နေ့နှစ်ကြိမ် ကျွေးပေးပါ။ကလေးသူငယ်များအော့အန်ခြင်းအစာမကြေခြင်း၊ကြက်ညှာချောင်းဆိုးရောဂါတ်ု့ကို သက်သာစေသည်။
အဆုတ်ရောင်ရောဂါ
ဂုံမင်းသီးနှင့် တောင်တန်ကြီးကိုသွေး၍ ရင်ဘတ်၌ လိမ်းပေးခြင်းဖြင့်အဆုတ်ရောင်ရောဂါကိုလျှော့ချပေးနိုင်သည်။
ဆီးအောင့်ခြင်းဆီးကျဉ်ခြင်း
ဂုံံမင်းမြစ်ကိုပြုတ်ရည်ကိုသကြားနှင့်ဖျော်သောက်ပေးခြင်းဖြင့်ဆီးနှင့်ပတ်သက်သော ဆီးကျဉ်ခြင်းဆီးအောင့်ခြင်းတို့တွင်ကုစားပေးနိုင်သည်။
မျက်နှာလှဆေး
ဂုံမင်းသီးကိုသနပ်ခါးနှင့်သွေး၍မျက်နှာကိုနံက် နေ့ညသုံးကြိမ်လိမ်းပေးပါ။လိမ်းပေးခြင်းဖြင့်မျက်နှာတွင်ဝက်ခြံပေါက်ခြင်း ၊ကြက်ဖင်ကဲ့သို့အကွက်ထခြင်း ၊ဗြုတ်ထခြင်းတို့ကိုပျောက်ကင်းစေသည်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners