ရဟန်းသံဃာများကို လှူဒါန်းတဲ့အခါ ဖိနပ်မချွတ်ပဲ လှူရင် အလှူမြောက်ပါသလား

ရဟန်းသံဃာကို ဖိနပ်မချွတ်ပဲလှူရင် အလှူမြောက်ပါသလား။ ရဟန်းသံဃာကို ဖိနပ်မချွတ်ပဲ လှူရင် အလှူမြောက်ပါသလား။ ရဟန်းသံဃာကိုလှူရင် ဖိနပ်ချွတ်ပြီးမှ လှူရတယ်လို့ မိဘဆရာများက သင်ခဲ့ကြပါတယ်။ ဖိနပ်မချွတ်ပဲ လှူခဲ့ရင် အလှူမြောက်ပါသလား။

အကျိုးအပြစ် ရှိပါသလား။ ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုတ်မှာ ခြေနင်း၊ ဖိနပ်စီးထားသော သူကို တရားမဟောရဟု ပါရှိပါတယ်။ ဒါကြောင့် အကယ်၍မိမိမှ ဖိနပ်မချွတ်ပဲ လှူဒါန်းရင် အလှူခံ ရဟန်းမှ တရားဟောပြောခြင်းလျှင်တောင်မှ ဟောပြောခွင့်မရ ဖြစ်နေမှာ ဖြစ်တဲ့ အတွက်ကြောင့်ဖိနပ် မစီးသင့်ပါဘူး။ ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်လျှင် ဖိနပ်ချွတ်ဝင်ကြသော သဘောတရားနဲ့ အတူတူပါပဲ။

သာသနာတော်မှာ သီးသန့်သတ်မှတ် (ဖိနပ်ချွတ်ရမည်ဟု)ထားတာ မတွေ့ရှိပါ။ ဖိနပ်မချွတ်လည်း အလှူတော့မြောက်တယ် ဒါပေမယ့် သက္ကစ္စ မဖြစ် ပါဘူး။ ဒါနအကျိုးရတယ်သကစ္စအကျိုး မရပါဘူး။ သက္ကစ္စဆိုတာ ရိုရိုသေသေလှူတာ လေးလေးစားစားလှူတာကိုပြောတာပါ။

ဒါန အကျိုးကြောင့်ကြွယ်ဝမယ်၊ အခြွေအရံပေါမယ်။ ဒါပေမယ့် သက္ကစ္စ မဖြစ်တော့ အခြွေအရံကအစ ကိုယ့်ကို မလေးစားဘူးပေါ့။

လူလေးစား မခံရဘူးပေါ့။ ဘကြီးတော်မင်းနဲ့ မယ်နုတို့ဟာအဖိုး၃သိန်းတန်တဲ့ အုတ်ကျောင်းကို ရေစက်ချတဲ့နေ့မှာ ဆရာတော်ဦးဗုဓ်ဟာ ကန်တော့ခန်းပြီးတာတောင် သီလ မပေးဘူးတဲ့။ ဘာလို့လဲဆိုတော့ဘကြီးတော်ဟာ ထိခြင်းငါးပါးနဲ့ မရှိခိုးပဲ ခေါင်းအုံးခံ ထားလို့တဲ့။ ခေါင်းအုံး ဖယ်ပြီးတာတောင် ရှိခိုးတာ အချိုးကျမှ သီလပေးသတဲ့ဗျာ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners