အသက် ၁၄ နှစ် နဲ့ ကုမ္ပဏီပိုင်ရှင် ဖြစ်လာတဲ့ ကောင်မလေး

ယနေ့ခေတ်အချိန်အခါလို ၂၁ရာစုခေတ်ကြီးမှာ အရာရာတိုးတက်မှုနှုန်း လျှင်မြန်လာရုံသာမက ကလေးငယ်များရဲ့ လေ့လာသင်ယူမှုနှုန်းနဲ့ လုပ်ကိုင်နိုင်စွမ်းကလည်း အထင်သေးလို့မရလောက်အောင် ထက်မြတ်လို့နေပါပြီ။

.

ကမ္ဘာအနှံ့မှာ ကိုယ်ပိုင်ကုမ္ပဏီထောင်ထားတဲ့ကလေးငယ်တွေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကလေးတွေ အသစ်အဆန်းတီထွင်ဖန်တီးပြီး ခေတ်ရှေ့ပြေးနေတဲ့ကလေးတွေကိုကြည့်ခြင်းဖြင့် ကလေးငယ်တွေရဲ့ အတွေးအခေါ်နဲ့ လုပ်ကိုင်နိုင်စွမ်းတွေ ဘယ်လောက်တောင် မြင့်မားနေပြီလဲဆိုတာကို သိနိုင်မှာပါ။

.

.

အခုတစ်ခေါက်တင်ဆက်ပေးမယ့်အမေရိကန်နိုင်ငံက Isabella Barrettဆိုတဲ့ကလေးမလေးကလည်း အသက်၁၄နှစ်အရွယ်နဲ့ ကုမ္ပဏီတစ်ခုကိုလည်ပတ်နေတဲ့ သန်းကြွယ်သဌေးမလေးတစ်ဦးပဲဖြစ်ပါတယ်။

.

သူဟာ ၆ နှစ်အရွယ်ကတည်းက အလှမယ်တစ်ဦးအဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီးနောက် ကလေးငယ်တွေအတွက် လက်ဝတ်ရတနာတွေနဲ့ မိတ်ကပ်ဒီဇိုင်းတွေကို သူ့ရဲ့ကိုယ်ပိုင်အိုင်ဒီယာနဲ့ ဖန်တီးရာကနေ မီလီယံများစွာချမ်းသာတဲ့ သူဌေးမလေးဖြစ်လာခဲ့တာပါ။

.

.

ဒီလိုနဲ့ ကုမ္ပဏီ သူမဟာ”Toddlers & Tiaras” ဆိုတဲ့ကုမ္ပဏီမှာ တွဲဖက်ပိုင်ရှင်အဖြစ်လုပ်ဆောင်ရင်းနဲ့ ကမ္ဘာအချမ်းသာဆုံးဆယ်ကျော်သက်စာရင်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါတယ်။ တကယ့်ကိုအားကျစရာပါပဲနော်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

.