ကျွန်တော်တို့မှီခဲ့တယ်(တိုက်ဆိုင်လို့ ကူးယူလာတာ)

ကျွန်တော်တို့မှီခဲ့တယ်(တိုက်ဆိုင်လို့ ကူးယူလာတာ)

***ကျနော်တို့မှီခဲ့တယ်.***


{တိုက်ဆိုင်လို့ ကူးယူလာတာ}

ပိုက်ဆံအကြွေ ဆယ်ပြား၊တစ်မတ်နဲ့ အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချစားလို့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….လက်ဘက်ရည်တစ်ခွက်၊ခေါက်ဆွဲကြော်တစ်ပွဲဆိုတာ နေမကောင်းတဲ့အခါမှစားရတဲ့အလွန်အရသာရှိတဲ့အစားအစာဖြစ်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

အယုတ် အလတ် အမြတ်မရွေး ကျွေးတဲ့ စတုဒိသာကို ဘာရောဂါမှ မကြောက်ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင် စားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…မိုးရာသီ မိုးရေထဲမှာ ဘယ်ကားအန္တရာယ်မှမရှိဘဲ ရပ်ကွက်ထဲကလမ်းပေါ်မှာလွတ်လွတ်လပ်လပ် ဘောလုံးကန်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….

ဘာအကြောင်းကြောင့်နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပျောက်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

ကိုယ်ပိုင်ကားမပြောနဲ့ စက်ဘီးတောင်လူတိုင်းမစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း ပျော်ရွှင်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

ကျောင်းထမင်းချိုင့်ထဲမှာပဲပြုတ်သုတ် ဒါမှမဟုတ် ဘဲဥပြုတ်တစ်လုံးပါရုံနဲ့မိဘကိုမညိုငြင်တဲ့ခေတ်ကိုမှီခဲဘူးတယ်….နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး မိုးအလင်းကြည့်ပြီး(အိပ်ပြီး)မနက်မိုးစင်စင်လင်းမှထပြန်လည်း ဘာအကြောင်းကြီးငယ်မှ မဖြစ်ခဲ့တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့ မောင်နှမရင်းပမာ ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်..ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားရမယ်ဆိုတဲ့ မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…လိုတာလေးတွေထပ်ဖြည့်ခဲ့ကြပါဦး …

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners