ဒီနေ့တက်ခဲ့ရတဲ့ အိမ်သာလေးအကြောင်းကို နည်းနည်းသတိပေးပြောပြချင်ပါတယ်

ဒီအိမ်သာလေးကတော့ မြစ်ကြီးနားဘူတာနားက အိမ်သာလေးပါနော်…

ဘူတာက မြစ်ကြီးနား မြို့လယ်ကောင်မှာ တည်ရှိတဲ့အတွက် အလွယ်တကူရှာတွေ့နိုင်ပါတယ်..

ဘူတာက ကယ်ရီသမားတွေကို မေးလိုက်တာနဲ့ ဒီအိမ်သာလေးကို အလွယ်တကူရောက်လာနိုင်ပါတယ်.

✔ ဘူတာနဲ့နီးတယ်ဆိုပေမယ့် ချောင်ခပ်ကျကျနေရာက လူပြတ်တဲ့ အိမ်ဟောင်းကြီးရဲ့ဘေးမှာဖြစ်တဲ့အတွက် ကားသံလူသံတွေနဲ့ ဝေးပါတယ်..

တိတ်ဆိတ်ငြိမ်သက်စွာ ချီးပါရင်း ကိုယ်ရဲ့ပေါက်ကွဲသံစဉ်တွေကို ကိုယ်တစ်ယောက်တည်း လွတ်လပ်စွာခံစားလို့ရတာက ဒီအိမ်သာလေးရဲ့ အားသာချက်ပါပဲနော်..

✔ကားရပ်ဆိုင်ကယ်ရပ်ဖို့လည်း စိတ်ချ..နေရာလွတ်တွေရှိတဲ့အတွက် လုံးဝ အဆင်ပြေပါတယ်..

ကားသော့ ဆိုင်ကယ်သော့တွေကိုတော့ သေချာခတ်စေချင်ပါတယ်..အီးပါရင်း သူခိုး ထ လိုက်ရတာ အရမ်းဣန္ဒြေပျက်လို့ပါ..

✔ ရှေးအစဉ်အလာမပျက် ရိုးရာမပျက် အိမ်သာခွက်ကို ခွ ဆောင့်ကြောင့်ထိုင်ပြီး အီးထိုင်ပါနိုင်အောင် စီစဉ်ပေးထားပါတယ်…

တိုက်အိမ်အဟောင်းကြီးနဲ့ကွယ်နေတဲ့အတွက်လည်း အိမ်သာကိုနေထိုးဖို့ဝေးတာမို့ အီးညစ်ရင်း ချွေးပျံရတဲ့အခိုက်အတန့်တွေကို မေ့လိုက်ပါတော့နော်…

✔ ဘေးက အကာပျဉ်ချပ်တွေကြားမှာ နေရာလပ်လေးတွေရှိတဲ့အတွက်လည်း လေတဟူးဟူးနဲ့ ဇိမ်ခံလို့ အရမ်း ကောင်းပါတယ်..

လေဝင်လေထွက်ကောင်းတော့ ကိုယ့်ချီးနံ့နဲ့ကိုယ် မွန်းကြပ်မှာ ပူစရာမလိုတော့ဘူးနော်..

✔ ပရဟိတဝါသနာပါတဲ့သူတွေအတွက်လည်း အထူးအဆင်ပြေပါတယ်.. လွတ်နေတဲ့ပျဉ်ချပ်ကြားက တစ်ခါတစ်လေ ဝင်လာတတ်တဲ့ ယင်ကောင်မဲကြီးတွေရယ်

ပြီးတော့ အိမ်သာရဲ့နောက်ဘက် ကျင်းပျက်ဘေးက ခွေးလေခွေးလွင့်တွေကို မစင်ဒါနလုပ်လို့ရပါတယ်.. အိမ်သာနားရောက်တာနဲ့ အမြီးလေးနှံပြီး

ဝမ်းသာအားရကြိုဆိုကြမယ့် ခွေးငယ်လေးတွေရဲ့ မျက်နှာကိုမြင်ရတာ ဖရဏာပီတိဂွမ်းဆီထိစရာပါပဲ …

✔ အိမ်သာတက်ပြီးတဲ့အခါမှာလည်း သာမန်အိမ်သာတွေနဲ့မတူ 3 in 1 သန့်စင်စနစ်ကို အသုံးပြုခွင့်ပေးထားပါတယ်.. ရေသုံးမလား..

ဒါမှမဟုတ် အသင့်ချိုးထားတဲ့ပျဉ်တိုပျဉ်စတွေသုံးမလား.. ဒါမှမဟုတ် သတင်းစာအဟောင်းတွေကို သုံးမလား ..

ဘောလုံးဝါသနာပါတဲ့သူတွေအတွက် ဂျာနယ်အဟောင်းတွေသုံးမလား.. သုံးစွဲသူစိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားတာကတော့ တကယ့်ကို ကျေနပ်စရာပါပဲ..

✔ အပေါ့ပဲစွန့်မယ်ဆိုတဲ့ကိုကိုတွေအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ဂိမ်းလေးတစ်ခု စီစဉ်ပေးထားပါတယ်..

ဒါကတော့ အိမ်သာခွက်မှာကပ်နေတဲ့ ချီးဖတ်လေးတွေကို ရှူးရှူးနဲ့ ပန်းခွာရတဲ့ဂိမ်းပါ.. အပျင်းလည်းပြေ ကိစ္စလည်းပြီး.. ကဲ ဘယ်လောက် ပျော်စရာကောင်းတဲ့အိမ်သာလေးလဲ..

✔ သီချင်းဆို ဝါသနာပါတဲ့မမတွေအတွက်လည်း ဒီလိုစီစဉ်ပေးထားပါတယ်.. ဒါကတော့ အိမ်သာတံခါးဂျက်ကို သေချာ ဖျက်ထားပေးထားတာပါ..

ကိုယ့်ကိစ္စ မပြီးမချင်းသီချင်းကို အဆက်မပြတ်အော်ဆိုနေပြီး လူရှိကြောင်းအချက်ပြနေရမှာဆိုတော့ ကေတီဗီသွားပြီး တကူးတက အသံကောင်းအောင် လေ့ကျင့်စရာမလိုတော့ဘူးပေါ့..

ကဲ ဒီတော့ သီချင်းဆို ဝါသနာပါတဲ့ သူငယ်ချင်းတွေကို အခုပဲ မန်းရှင်းခေါ်လိုက်ပါတော့နော်…

✔ အထူးအစီအစဉ်အနေနဲ့လည်း အီးပါရင်း အိမ်သာနံရံမှာ အမှတ်တရစာသားလေးတွေ ရေးချန်ခဲ့လို့ရပါတယ်..

တကယ်လို့များ ကိုယ့်ချစ်ရတဲ့ကို မပြောရဲရင်လည်း ရင်ဖွင့်ခဲ့လို့ရပါတယ်..ဖူးစာမှန်ရင်တော့ သူအိမ်သာလာတက်ရင်း ဖတ်မိရင်တော့ အိမ်သာရေးတဲ့ဖူးစာပဲပေါ့ ဖရင့်တို့ရေ..

✔ လောလောဆယ်တော့ အခကြေးငွေကောက်ခံခြင်းမရှိသေးပါဘူး…တစ်ယောက်ချင်းပါပါ ဖင်ချင်းပူးပြီး နှစ်ယောက်ချင်းပါပါ စိတ်အေးချမ်းသာစွာပါလို့ရပါတယ်နော်..

သုံးယောက်ပါ နဲ့ Family ပါတွေကိုတော့ စီစဉ်ထားရှိပေးခြင်းမရှိသေးပါဘူး .. ဒါကတော့ ဒီအိမ်သာလေးရဲ့တစ်ခုတည်းသော အားနည်းချက်ပါပဲနော်..

ကဲပါ ..ကျနော် ညွှန်းတာလည်း တော်တော် များသွားပြီ.. အညွှန်းဖတ်နေရုံနဲ့ အကျိုးမရှိပါဘူး..

ကိုယ်တိုင်သွားပါကြည့်မှပဲ ထူးခြားကွဲပြားတာကို သိရမှာမို့ ဘော်ဒါဘော်ကျွတ်တွေကို အမြန်ဆုံးလက်တို့လိုက်ပါတော့နော်…။


” ကျန်းမာဖို့ အီးပါစို့ ”” အဆင်ပြေဆုံး ဒီနေရာ ဘူတာဘေးနားမှာ ”

( review ရေးရတာကြိုက်သူ) :3